မဇ္စျိမဂုဏ်ရည်ဆရာတော် ဒေါက်တာကောဝိဒမှ ဝမ်းတွင်းမြို့နယ် ပြည်သူ့ဆေးရုံသို့ ၄၀လီတာ အောက်ဆီဂျင်အိုး (၂၀)လုံး လှူဒါန်း

ဝမ်းတွင်း ဩဂုတ် ၂

မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်၊ ပြည်သူ့ကျန်မာရေးဦးစီးဌာန၊ မြို့နယ် ပြည်သူ့ဆေးရုံသို့ အောက်ဆီဂျင် 40လီတာအိုး (၂၀)လုံးကို မဇ္စျိမဂုဏ်ရည်ဆရာတော် ဒေါက်တာကော်ဝိဒမှ ယမန်နေ့ကပေးပို့လှူဒါန်းခဲ့ကြောင်းသိရသည်။

ဝမ်းတွင်းမြိုနယ်အတွင်း ရပ်ကွက်/ကျေးရွာအုပ်စုများမှ ကိုဗစ်-၁၉ရောဂါ ကူးစက်ခံရပြီး ဆေးရုံတက်ရောက်ကုသနေသော လူနာများအတွက် လိုအပ်လျှင် အသုံးပြုနိုင်ရန်နှင့် မြို့နယ်အတွင်း ကိုဗစ်၁၉ရောဂါ ကူးစက်ခံနေရသည့် လူနာများအတွက် အောက်ဆီဂျင်ပျတ်လပ်မှု မရှိစေရန်ရည်ရွယ်၍ မဇ္စျိမဂုဏ်ရည်ဆရာတော် ဒေါက်တာကောဝိဒမှ ပေးပို့လှူဒါန်းခြင်းဖြစ်ပြီး ဆရာတော်ကြီးမှ ပေးပို့လှူဒါန်းသော အောက်ဆီဂျင် ၄၀လီတာ အိုး(၂၀)လုံးအား အောက်ဆီဂျင် လိုအပ်လျက်ရှိသော လူနာများ အသုံးပြုနိုင်ရေး မြို့နယ်ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေး ပေါ်တုန့်ပြန်ရေးကော်မတီမှ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ မဇ္စျိမဂုဏ်ရည်ဆရာတော် ဒေါက်တာကောဝိဒမှ ပေးပို့လှူဒန်းသော အောက်ဆီဂျင် ၄၀လီတာ အိုး(၂၀)လုံး၏ ခန့်မှန်းတန်ဖိုးမှာ ကျပ်သိန်း(၁၂၀)ဝန်းကျင်ရှိပြီး မြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကူးစက်ခံရပြီး အောက်ဆီဂျင် လိုအပ်လျက်ရှိသော ပြည်သူများ အသုံးပြုနိုင်ရေး စီစဉ်ပေးလျက်ရှိကြောင်း သိရသည်။

ဌေးလှိုင်