သတင်းများ

ဆောမြို့နယ်၌ ကိုဗစ်-၁၉ ကာကွယ်ဆေး ပဉ္စမနေ့အထိ (၁၁၀၄)ဦး ထိုးနှံပြီးစီး
Aug 07,2021
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဆောမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Sinopharm)အား ဆောမြို့ အခြေခံပညာ အထက်တန်းကျောင်း (သီဟသူရညိုအေး)ခန်းမတွင် သြဂုတ်(၂)ရက်နေ့ နံနက်ပိုင်းက စတင်ထိုးနှံပေးခဲ့ရာ ပဉ္စမမြောက်နေ့အထိ ကာကွယ်ဆေး လာရောက်ထိုးနှံသူ (၁၁၀၄)ဦးအထိရှိပြီး ဆဋ္ဌမနေ့အဖြစ် ယနေ့နံနက် ၉ နာရီက ထိုးရန်ကျန်ရှိနေသော ပြည်သူများအား ဆက်လက်ထိုးနှံပေးလျက်ရှိသည်။
ရှမ်းပြည်နယ်(အရှေ့ပိုင်း)ရှိ ဘုန်းတော်ကြီးကျောင်း၊ ပရိယတ္တိစာသင်တိုက်၊ ဘုန်းတော်ကြီး သင်ပညာရေး ကျောင်းများအတွက် ဆွမ်းဆန်တော်၊ ပဲ၊ ဆီများ ဆက်ကပ်လှူဒါန်း
Aug 07,2021
နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ရှမ်းပြည်နယ်(အရှေ့ပိုင်း)ရှိ ဆွမ်းကွမ်းခက်ခဲသည့် ဘုန်းတော်ကြီးကျောင်း၊ ပရိယတ္တိ စာသင်တိုက်၊ ဘုန်းတော်ကြီးသင် ပညာရေး ကျောင်းများအတွက် ဆွမ်းဆန်တော်၊ ပဲ၊ ဆီများ ဆက်ကပ် လှူဒါန်းပေးလျက်ရှိကြောင်း သိရသည်။
လွိုင်လင်မြို့၌ ကိုဗစ်-၁၉ရောဂါပိုးရှိသူ(၁၀)ဦး ထမ်မံတွေ့ရှိ
Aug 07,2021
လွိုင်လင်မြို့ အထွေထွေရောဂါ ကုဆေးရုံးကြီး၌ ယမန်နေ့ နံနက်ပိုင်းက ယခင်ရောဂါပိုး တွေ့ရှိသူနှင့် ထိစပ်မှုရှိသည့်(၆၀)ဦးကို ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ သိရှိနိုင်ရန် RDT Test Kit ဖြင့်စစ်ဆေးရာ ကိုဗစ်-၁၉ ရောဂါပိုးရှိသူ(၁၀)ဦး တွေ့ရှိရကြောင်း သိရသည်။
တောင်ဥက္ကလာပမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကူးစက်မှု လျော့နည်းစေရေးအတွက် အသိပညာပေး ကြေညာ
Aug 07,2021
ရန်ကုန်တိုင်း‌ဒေသကြီး၊ အ‌ရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ် အမှတ်(၉)ရပ်ကွက် အတွင်းတွင် ကိုဗစ်-၁၉ရောဂါ ကူးစက်မှု လျော့နည်းစေရေးအတွက် မိဘပြည်သူများမှ ပူးပေါင်း ပါ၀င်ဆောင်ရွက်မှသာ ရောဂါကူးစက်မှု လျော့နည်းနိုင်မည်ဖြစ်၍ မြို့နယ်တွင်းရပ်ကွက်များ၌ ပြည်သူများ လိုက်နာ ဆောင်ရွက်သင့်သည့် အချက်များကို ယနေ့နံနက် ၇ နာရီအချိန်က အသိပေး ကြေညာခဲ့ကြောင်း သိရသည်။
မိုင်းငေါ့မြို့တွင် ကိုဗစ်- ၁၉ရောဂါ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်
Aug 07,2021
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ် တားဆီးရေးနှင့် ကြိုတင်ကာကွယ်နိုင်ရေး နှင့် ပတ်သက်သည့် အသိပညာပေး နှိုးဆော်ခြင်း ကို ယမန်နေ့က ဆောင်ရွက်လျက် ရှိသည်။
ဆင်ပေါင်ဝဲမြို့နယ်၌ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံပေး
Aug 07,2021
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နှင့်ဦးတည်အုပ်စုများ၊ ချောင်းကောက်ကျေးရွာအုပ်စု ကိုးပင်ကျေးရွာနှင့် ဦးတည်အုပ်စုများတွင် ကိုဗစ်-၁၉  ရောဂါကာကွယ်ဆေးထိုးနှံရခြင်းမရှိသေးသော  ပြည်သူ (၂၃၀၂) ဦးအား  မြို့နယ် ပြည်သူ့ ဆေးရုံနှင့်  ကျေးရွာအုပ်စုများတွင်  ယမန်နေ့   နံနက် ၈ နာရီအချိန်က ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးဆက်လက်ထိုးနှံပေးလျက်ရှိသည်။
ကျောက်မဲမြို့နယ်တွင် ဒုတိယအသုတ် ထပ်မံရောက်ရှိလာသည့် Sinopharm အမျိုးအစား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထပ်မံထိုးနှံပေး
Aug 07,2021
      ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်၊ မြို့ကျက်သရေဆောင်ခန်းမနှင့် ကွန်ဖြူးရှပ်ကျောင်း တို့၌ ယမန်နေ့ နေ့လယ် ၁ နာရီက စ၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အနာရှိရင်ဆေးရှိသော်လည်း ကြိုတင်ကာကွယ်မှ အသက်ချမ်းသာမယ်
Aug 07,2021
ရိုးသားလှတဲ့ ရှမ်းဌာနေလို့ပြောမလား။ ခေတ်နောက်ကောက်ကြခဲ့တဲ့ ဌာနေလို့ပြောရမလား။ သူတို့ရဲ့ စိတ်ထဲမှာ စွဲမက်နေတာက ငွေရှိရင် ရပြီ၊ စာတတ်စရာမလိုဘူး၊ လောကကို ရင်ဘောင်တန်းနိုင်တယ်လို့ အတွေးများ ရိုးစွဲနေတာလား။ အများအားဖြင့်တော့ ကျေးလက်တောင်သူတွေရဲ့ အတွေးအယူအဆတွေပေါ့။ ငွေရှိရင် အချို့အရာတွေသာ ရင်ဘောင်တန်းရင်တန်းနိုင်မယ် တစ်ချို့အရာတွေ့ကျ ဥာဏ်ပညာနဲ့ အသိပညာအတတ်ပညာ၊ ဗဟုသုတကြွယ်ဝမှ ကြိုတင်ကာကွယ်နိုင်တယ်လေ။