မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် မင်းဘူး(စကု)မြို့နယ်အတွင်း မွေးမြူရေးနှင့် လယ်ယာကဏ္ဍသီးနှံများ စိုက်ပျိုးထုတ်လုပ်မှု အခြေအနေအား ကြည့်ရှုစစ်ဆေး၊ အုပ်စုလိုက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးနေမှုအား ကြည့်ရှုအားပေး
Aug 07,2021
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်လွင်သည် ဩဂုတ်လ ၆ ရက်နေ့ မွန်းလွဲပိုင်းက လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်ကျော်လင်း၊ သယံဇာတရေးရာဝန်ကြီး ဦးစိုင်းမြင့်အေး၊ အတွင်းရေးမှူး ဦးဝင်းရှိန်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါကာ မင်းဘူးမြို့နယ်၊ ကျောက်တန်းကျေးရွာ ရှိ ဦးထွန်းထွန်းလွင် ပိုင်ဆိုင်သော CP အသားတိုးကြက်မွေးမြူရေးခြံသို့ ရောက်ရှိခဲ့ရာ တာဝန်ရှိသူမှ ကြက်မွေး မြူရေးလုပ်ငန်းကို လွန်ခဲ့သော(၁၀)နှစ်ခန့်ကတည်းက CP ကုမ္ပဏီနှင့် အကျိုးတူ မွေးမြူဆောင်ရွက်ခဲ့ ကြောင်း၊ ကြက်(၁)ယူနစ်လျှင် အကောင်(၃၀၀၀)ရှိပြီး၊ (၄၅)ရက်ခန့် မွေးမြူပြီးပါက (၁)ပိဿာခွဲခန့် အရွယ် ရရှိကာ ဈေးကွက်အတွင်းသို့ ဖြန့်ခွဲရောင်းချပါကြောင်း၊ တစ်ယူနစ်မွေးမြူလျှင် အကျိုးအမြတ် အနေဖြင့် သိန်း(၂၀)ဝန်းကျင်ခန့် ရရှိကြောင်း၊ မွေးမြူသူများအနေဖြင့် နေရာ၊ ကြက်ခြံနှင့် လုပ်အားခသာ စိုက်ထည့် ရသည့်အတွက် အကျိုးအမြတ်ရှိသည့် လုပ်ငန်းတစ်ခုဖြစ်ပါကြောင်း ရှင်းလင်း တင်ပြခဲ့မှုအပေါ် လိုအပ်သည်များ မှာကြားကာ မွေးမြူရေးခြံအတွင်း အသားတိုးကြက် မွေးမြူထားရှိမှု အခြေအနေအား ကြည့်ရှု စစ်ဆေးခဲ့သည်။