သတင်းများ

လှိုင်မြို့နယ်တွင် အသက် (၆၅) နှစ်အထက် သက်ကြီးဘိုးဘွားများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအား ဆက်လက်ထိုးနှံ
Aug 07,2021
ရန်ကုန်အနောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ်အတွင်းရှိ YUFC လေ့ကျင်းရေးကွင်းနှင့် အ.ထ.က.(၁)ကျောင်းတို့တွင် အသက် (၆၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား ကျန်ရှိနေသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံခြင်းကို ယနေ့ နံနက် (၉)နာရီအချိန်မှ စတင်ထိုးနှံပေးလျက်ရှိကြောင်း သိရှိရသည်။
တောင်ရွာသစ်ကျေးရွာတွင် မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက် လည်ပတ်ရန်ပုံငွေများ ထုတ်ချေး
Aug 07,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်၊ တောင်ရွာသစ်ကျေးရွာတွင် သြဂုတ် ၆ရက်က မြစိမ်းရောင်ကျေးရွာစီမံကိန်းအရင်းမပျောက်လည်ပတ်ရန်ပုံငွေများကို COVID-19 ရောဂါဆိုင်ရာညွှန်ကြားချက်များနှင့်အညီစနစ်တကျထုတ်ချေးပေးခဲ့ကြောင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှသိရသည်။
ပလောက်မြို့ ဆင်ထိုးကြီးကျေးရွာအုပ်စု၌ ကိုဗစ်-၁၉ ရောဂါ အသိပညာပေးခြင်းနှင့် ကာကွယ်ဆေးထိုးနှံရေးအသံချဲ့စက်ဖြင့် လှည့်လည်နှိုးဆော်
Aug 07,2021
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့ ဆင်ထိုးကြီးကျေးရွာအုပ်စု၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု မရှိစေရေး၊ ရောဂါကွင်းဆက်ပြတ်တောက်နိုင်ရေးနှင့် မိဘပြည်သူများ ပူးပေါင်း ပါဝင်ဆောင်ရွက်ကြစေရန် အသိပညာပေးခြင်းနှင့် ကာကွယ်ဆေးထိုးနှံရေး နှိုးဆော်ခြင်းကို ဆောင်ရွက်လျက်ရှိရာ ယနေ့ ညနေ (၄)နာရီအချိန်ကစတင်၍ အသိပညာပေးဆောင်ရွက်ခဲ့သည်။
တီးတိန်မြို့နယ်နှင့်တွန်းဇန်မြို့နယ်တို့အတွက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများရောက်ရှိ
Aug 07,2021
ချင်းပြည်နယ်မြောက်ပိုင်း တီးတိန်မြို့နယ်နှင့် တွန်းဇန်မြို့နယ်တို့အတွက်  ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး တရုတ်နိုင်ငံထုတ်  Sinopharm ကို ယမန်နေ့  ၁၁ နာရီ ခွဲအချိန်က  တပ်မတော်လေယာဉ်ဖြင့် ကလေးမြို့လေဆိပ်သို့ ပို့ဆောင်သယ်ယူပေးခဲ့ကြောင်းသိရှိရသည်။
ဧရာဝတီတိုင်းဒေသကြီး ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ အစည်းအဝေး အမှတ်စဉ်(၃၃/၂၀၂၁) ကျင်းပခြင်းနှင့် ကော်မတီထံသို့ အလှူငွေနှင့် ကုသရေး ပစ္စည်းများ ပေးအပ် လှူဒါန်းခြင်း
Aug 07,2021
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေး ခန်းမ(၁)၌ ယမန်နေ့နံနက် ၉ နာရီအချိန်တွင် ဧရာဝတီတိုင်းဒေသကြီး ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီအစည်းအဝေး အမှတ်စဉ်(၃၃/၂၀၂၁) ကျင်းပပြုလုပ်ခဲ့သည်။
ရခိုင်ပြည်နယ် မောင်တောမြို့၌ သဘာဝဘေးအန္တရာယ်များ ဖြစ်ပွားလာပါက ရှာဖွေ ကယ်ဆယ်ရေး လျင်မြန်စွာ တုံ့ပြန်နိုင်ရေးအတွက် ရှာဖွေကယ်ဆယ်ရေးသုံး ပစ္စည်းများ အသင့် ဆောင်ရွက်ထားရှိ
Aug 07,2021
ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ သဘာဝဘေးအန္တရာယ်များ ဖြစ်ပွားလာပါက ရှာဖွေကယ်ဆယ်ရေး လျင်မြန်စွာ တုံ့ပြန်နိုင်ရေးအတွက် ရှာဖွေကယ်ဆယ်ရေးသုံး ပစ္စည်းများနှင့် တပ်ဖွဲ့ဝင်များအား အသင့်ဆောင်ရွက် ထားရှိကြောင်း သိရသည်။
ချင်းပြည်နယ်အတွင်း စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတတ်ရေး လုပ်ငန်းညှိနှိုင်း အစည်းဝေးသို့ ပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင် တက်ရောက်
Aug 07,2021
ချင်းပြည်နယ်အတွင်း စိုက်ပျိုးရေးနှင့် မွေးမြူရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတတ်ရေး လုပ်ငန်းညှိနှိုင်း အစည်းဝေးကို ယမန်နေ့ မွန်းလွဲ ၂ နာရီခွဲတွင် ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းဝေးခန်းမ၌ ပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင် တက်ရောက် အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
ရခိုင်ပြည်နယ် မာန်အောင်မြို့မှ ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံသူများနှင့် ကူညီဆောင်ရွက် နေသူများ၏ စကားသံများ
Aug 07,2021
ရခိုင်ပြည်နယ်၊ မာန်အောင်မြို့နယ်တွင် ပထမအကြိမ်အဖြစ် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ထုတ်လုပ်သော ကိုဗစ်ကာကွယ်ဆေး Sinopharm ကို ဩဂုတ် ၃ ရက်နေ့ နံနက်၁ ၀ နာရီမှ စတင်ကာ မြို့ပေါ်ရပ်ကွက်များရှိ ၆၅ နှစ်အထက် အဘိုးအဘွားများအား ဦးစားပေး ထိုးနှံပေးလျက်ရှိရာ ပါဝင်ဆောင်ရွက်ကြသည့် ကျန်းမာရေး ဝန်ထမ်းများ၊ ကူညီဆောင်ရွက် ပေးနေသည့် မြို့နယ်မီးသတ် တပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် ကာကွယ်ဆေး ထိုးနှံလာသော ဘိုးဘွားတွေရဲ့ ရင်ထဲက ပီတိစကားသံလေးတွေကို တွေ့ဆုံမေးမြန်းထားခြင်း ဖြစ်ပါတယ်။