ဆောမြို့နယ်၌ ကိုဗစ်-၁၉ ကာကွယ်ဆေး ပဉ္စမနေ့အထိ (၁၁၀၄)ဦး ထိုးနှံပြီးစီး

ဆော သြဂုတ် ၇

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဆောမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Sinopharm)အား ဆောမြို့ အခြေခံပညာ အထက်တန်းကျောင်း (သီဟသူရညိုအေး)ခန်းမတွင် သြဂုတ်(၂)ရက်နေ့ နံနက်ပိုင်းက စတင်ထိုးနှံပေးခဲ့ရာ ပဉ္စမမြောက်နေ့အထိ ကာကွယ်ဆေး လာရောက်ထိုးနှံသူ (၁၁၀၄)ဦးအထိရှိပြီး ဆဋ္ဌမနေ့အဖြစ် ယနေ့နံနက် ၉ နာရီက ထိုးရန်ကျန်ရှိနေသော ပြည်သူများအား ဆက်လက်ထိုးနှံပေးလျက်ရှိသည်။

ထိုသို့ ကာကွယ်ဆေးထိုးနှံပေးခြင်းကို အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် စာရေးများ၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များက ကူညီဆောင်ရွက်ပေးလျက်ရှိပြီး ကျန်းမာရေး ဝန်ထမ်းများက ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်မိုးဇော်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမောင်မောင်မြင့်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူးရဲဝင်းမြင့်နှင့် အဖွဲ့ဝင်များက ကြည့်ရှုအားပေးပြီး  လိုအပ်သည်များဆောင်ရွက်ပေးလျက်ရှိသည်။

အဆိုပါ ကာကွယ်ဆေးသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ထုတ်လုပ်သော (Sinopharm) ဆေးအမျိုးအစားဖြစ်ပြီး ဆောမြို့နယ်အတွက် ဆေးအလုံးရေ(၂၀၅၀)လုံးရရှိသဖြင့် ဆေးတစ်လုံးလျှင် လူနှစ်ဦးထိုးနှံပေးနိုင်သောကြောင့် လူဦးရေ(၄၁၀၀)ဦးအား ထိုးနှံပေးမည် ဖြစ်ကြောင်းနှင့် ပထမနေ့တွင် လာရောက်ထိုးနှံသူ (၁၀၇)ဦး၊ ဒုတိယနေ့တွင် လာရောက်ထိုးနှံသ (၁၅၃)ဦး၊ တတိယနေ့တွင် လာရောက်ထိုးနှံသူ (၂၆၀)ဦး၊ စတုတ္ထနေ့တွင် လာရောက်ထိုးနှံသူ (၃၂၆)ဦး၊ ပဉ္စမနေ့တွင် လာရောက်ထိုးနှံသူ (၂၅၈)ဦး၊ စုစုပေါင်း (၁၁၀၄)ဦးရှိပြီဖြစ်ကြောင်း သိရသည်။

ကိုဇော်ကြီး(ဆော)