လွိုင်လင်မြို့၌ ကိုဗစ်-၁၉ရောဂါပိုးရှိသူ(၁၀)ဦး ထမ်မံတွေ့ရှိ

လွိုင်လင် ဩဂုတ်

လွိုင်လင်မြို့ အထွေထွေရောဂါ ကုဆေးရုံးကြီး၌ ယမန်နေ့ နံနက်ပိုင်းက ယခင်ရောဂါပိုး တွေ့ရှိသူနှင့် ထိစပ်မှုရှိသည့်(၆၀)ဦးကို ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ သိရှိနိုင်ရန်  RDT Test Kit       ဖြင့်စစ်ဆေးရာ ကိုဗစ်-၁၉ ရောဂါပိုးရှိသူ(၁၀)ဦး တွေ့ရှိရကြောင်း သိရသည်။

ထို့အပြင် ယခင် RDT Test Kit ဖြင့် စစ်ဆေးထားသူများအနက်မှ သံသယရှိသူ(၂၃)ဦးတို့၏ နှာခေါင်းအာခေါင်တို့ဖတ် နမူနာရယူ၍ PCR  စစ်ဆေးရန် ဩဂုတ်လ ၄ ရက်နေ့က တောင်ကြီးမြို့ ဓာတ်ခွဲခန်းသို့ပို့ဆောင်ရာ လွိုင်လင်စက်မှု အထက်တန်းကျောင်း ဆောက်လုပ်ရေး လုပ်ငန်းခွင်မှ(၁၀)ဦး၊ လွိုင်လင်ဆေးရုံ သီးသန့်ဆောင်တွင် တက်ရောက် ကုသနေသူ အမျိုးသမီး(၁)ဦး၊ ကွန်ပျူတာတက္ကသိုလ်(ပင်လုံ) အသွားအလာ ကန့်သတ် စောင့်ကြည့်ရေး စခန်းတွင်ထားရှိသည့်  ခရီးသွားရာဇဝင်ရှိသူ(၁)ဦးနှင့် အမှတ်(၄)ရပ်ကွက်မှ အမျိုးသမီး(၁)ဦး၊ စုစုပေါင်း(၁၃)ဦး ထံမှ ကိုဗစ်-၁၉ရောဂါပိုးတွေ့ရှိကြောင်း သိရသည်။

လွိုင်လင်မြို့နယ် (လွိုင်လင်+ပင်လုံ)တွင်  ဇွန်လ ၂၆ ရက်နေ့မှ ဩဂုတ်လ ၆ ရက်နေ့ ညနေပိုင်း အထိ ကိုဗစ်-၁၉ရောဂါ ပိုးရှိသူ(၂၂၃)ဦးရှိပြီဖြစ်ကြောင်း သိရသည်။

၎င်းတို့အထဲမှ ဆေးရုံဆင်းခွင့်ရရှိသူ(၅၀)ဦး၊ ရောဂါပိုးကြောင့် သေဆုံးသူ(၂)ဦးရှိကြောင်း၊   ဆေးကုသမှု ခံယူလျက်ရှိသည့်(၁၇၁)ဦးကို လွိုင်လင်ဆေးရုံကြီး၊ ပင်လုံဆေးရုံနှင့်   လွိုင်လင်မြို့ရှိ နည်းပညာတက္ကသိုလ်(ပင်လုံ) ကိုဗစ်-၁၉ အတည်ပြုလူနာ ကုသရေးစင်တာတို့၌ ဆေးဝါးကုသပေး လျက်ရှိကြောင်း လွိုင်လင်ခရိုင် ဆရာဝန်ကြီးရုံးမှ သိရသည်။

ခရိုင် (ပြန်/ဆက်)