သတင်းများ

မိုင်းပျဉ်းမြို့တွင် ကိုဗစ်-၁၉ရောဂါပိုးရှိသူ ၅ဦး ထပ်မံတွေ့ရှိ
Aug 07,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့တွင် ယမန်နေ့က ကိုဗစ်-၁၉ရောဂါပိုး ရှိသူ(၅)ဦးထပ်မံတွေ့ရှိကြောင်းသိရသည်။
ဒဂုံမြို့နယ်တွင် အသက် (၆၅) နှစ်အထက် သက်ကြီးဘိုးဘွားများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံ
Aug 07,2021
ရန်ကုန်အနောက်ပိုင်းခရိုင်၊ ဒဂုံမြို့နယ်အတွင်းရှိ ဘုရားကြီးရပ်ကွက်၊ အိမ်တော်ရာ ဘုရားဝင်းအတွင်း၌ အသက် (၆၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံခြင်းကို ယမန်နေ့ နံနက် (၉)နာရီအချိန်မှ စတင်ထိုးနှံပေးလျက်ရှိကြောင်း သိရှိရသည်။
 အရာတော်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး စတုတ္ထနေ့ဆက်လက်ထိုးနှံပေး
Aug 07,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ အရာတော်မြို့နယ်တွင် တရုတ်နိုင်ငံထုတ်(Sinopharm) ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးကို စတုတ္ထနေ့အဖြစ် ယမန်နေ့ နံနက်(၈)နာရီကစတင်ကာ ညနေ (၄)နာရီအထိ မြို့နယ်ပြည်သူ့ဆေးရုံ ဆာဆာကာဝါခန်းမနှင့် မြို့ပေါ် (၃)ရပ်ကွက်ရှိ အခြေခံပညာကျောင်းများ၌ ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ကာကွယ်ရေး လမ်းညွှန်ချက်နှင့်အညီ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ဟိုပန်မြို့၌ ဒုတိယအသုတ်ရောက်ရှိလာသည့် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထပ်မံထိုးနှံပေး
Aug 07,2021
ဟိုပန်မြို့၌ ဒုတိယအသုတ်ရောက်ရှိလာသည့် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထပ်မံထိုးနှံ ပေးခြင်းကို ယမန်နေ့မွန်းလွဲ(၁)နာရီအချိန်က ဟိုပန်မြို့ ကောင်းဟုန်းရပ်ကွက်ရှိ “ဝ”နှစ်ချင်း ခရစ်ယာန်ဘုရားရှိခိုးကျောင်း၌ ပြုလုပ်ခဲ့သည်။
ညောင်ရွှေမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံသူ (၆၃၉၂)ဦးအထိ ထိုးနှံပြီးစီး
Aug 07,2021
ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံခြင်းကို ဩဂုတ် ၆ ရက်တွင် သတ္တမမြောက်ရက်အဖြစ် သက်ဆိုင်ရာစုရပ်များ၌ ထိုးနှံပေးခဲ့ရာ ကာကွယ်ဆေး လာရောက် ထိုးနှံသူပေါင်း (၁၁၃၄)ဦးရှိကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ်၌ Stay at Home စည်းကမ်းချက်အား ပြည်သူများ သိရှိလိုက်နာနိုင်ရေး ကြပ်မတ်စစ်ဆေးခြင်းများ ဆောင်ရွက်
Aug 07,2021
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်ကိုဗစ် - ၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့က မြို့နယ်အတွင်း Stay at Home သတ်မှတ်ထားသည့်ကာလ ပြည်သူများ စည်းကမ်းချက်များအတိုင်း နေထိုင်သွားလာနိုင်ရေးအတွက် ယမန်နေ့ နံနက် ၁၁ နာရီက ပွင့်ဖြူမြို့တွင်း လေးတိုင်စင် မီးပွိုင့်လမ်းဆုံနေရာတွင် စုရပ်ပြုလုပ်၍ Stay at Home စည်းကမ်းချက်များနှင့် အညီ နေထိုင်သွားလာခြင်းမရှိသော ပြည်သူများကို ကြပ်မတ်စစ်ဆေး အရေးယူခြင်းနှင့် အသိပညာပေးခြင်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ်၌ အသက်(၆၅)နှစ်နှင့်အထက် အသက်အရွယ်ကြီးရင့်သူများအား ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံပေး
Aug 07,2021
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် အသက်(၆၅)နှစ်နှင့်အထက် အသက်အရွယ်ကြီးရင့်သူများ အပါအဝင် ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများ ၊ သီလရှင်များ ၊ နိုင်ငံ့ဝန်ထမ်းများနှင့်အခြား ပုဂ္ဂလိက/အလုပ်ရုံ၊ စက်ရုံများမှ ဝန်ထမ်းများ၊ အကျဉ်း/အချုပ်သားများကို ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းကို ယမန်နေ့ နံနက် ၉ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ဗိုလ်ဥတ္တမခန်းမတွင် ဆက်လက်ထိုးနှံ ဆောင်ရွက်ပေးလျက်ရှိကြောင်း ပွင့်ဖြူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှ သိရသည်။ 
ပုဏ္ဏားကျွန်းမြို့နယ်၌ (Sinopharm) ကိုဗစ်-၁၉ ကာကွယ်ဆေး ဆက်လက်ထိုးနှံ
Aug 07,2021
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်အတွင်းရှိ နိုင်ငံ့ဝန်ထမ်းများ၊ အသက်(၆၅)နှစ်ထက် သက်ကြီးရွယ်အိုများ၊ Volunteer  လူမှုရေးအဖွဲ့စည်းများအား  လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါ ကူးစက်မှုမှ ကာကွယ်ရန်အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇော်သိန်း ဦးဆောင်မှုဖြင့် စုရပ်နေရာများ ထားရှိပြီး ကာကွယ်ဆေးဆက်လက်ထိုးနှံခြင်းကို ယမန်နေ့ နံနက် ၉ နာရီမှ ၄ နာရီ အထိ၊ ကျန်းမာရေးဝန်ထမ်းများက (Sinopharm) ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေး လျက်ရှိကြောင်း သိရသည်။