ဆင်ပေါင်ဝဲမြို့နယ်၌ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံပေး

ဆင်ပေါင်ဝဲ  ဩဂုတ် ၇

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နှင့်ဦးတည်အုပ်စုများ၊ ချောင်းကောက်ကျေးရွာအုပ်စု ကိုးပင်ကျေးရွာနှင့် ဦးတည်အုပ်စုများတွင် ကိုဗစ်-၁၉  ရောဂါကာကွယ်ဆေးထိုးနှံရခြင်းမရှိသေးသော  ပြည်သူ (၂၃၀၂) ဦးအား  မြို့နယ် ပြည်သူ့ ဆေးရုံနှင့်  ကျေးရွာအုပ်စုများတွင်  ယမန်နေ့   နံနက် ၈ နာရီအချိန်က ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးဆက်လက်ထိုးနှံပေးလျက်ရှိသည်။

ဆင်ပေါင်ဝဲမြို့နယ်ရှိ   ရပ်ကွက် / ကျေးရွာများ၌ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများ  ထိုးနှံပေး ရာတွင်   သတ်မှတ်နေရာ  (၄)  နေရာဖြစ်သော   မြို့နယ်ပြည်သူ့ဆေးရုံ ၊  ကိုးပင်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၊  ဇောင်ချမ်းတောင်ကျေးရွာ အခြေခံပညာ အထက်တန်းကျောင်းနှင့်   ကုန်းဘိုကျေးရွာ အခြေခံပညာအထက်တန်းကျောင်းတို့တွင် မြို့နယ်အုပ်ချုပ်ရေးမှူး၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ၊ မြို့နယ်ဆရာဝန်ကြီး ၊ မြို့နယ် လ ဝ က ဦးစီးမှူး၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ ၊ မြို့နယ်ကျန်းမာရေး ဝန်ထမ်းများ ၊   မြို့နယ်စိမ်းစိုဦးစီးအရာရှိနှင့်   Volunteer များက  ပူးပေါင်း၍  ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးသတ်မှတ်နေရာများတွင် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)