သတင်းများ

အောက်ဆီဂျင်စက်ရုံတည်ဆောက်နိုင်ရန် ငွေကျပ် (၁၀)သိန်း လှူဒါန်း
Aug 07,2021
တနင်္သာရီတိုင်းဒေသကြီး၊ ပလောက်တပ်နယ်မှူး ဗိုလ်မှူးချုပ် စိုးလွင်နှင့် အရာရှိ စစ်သည်၊ မိသားစုများမှ ပုလောမြို့နယ်တွင် အောက်ဆီဂျင် စက်ရုံ တည်ဆောက်နိုင်ရန် အတွက် ငွေကျပ် ၁၀ သိန်းကို  ယနေ့ နံနက် ၉ နာရီက ပုလောမြို့ လယ်ဝိုင်းကျောင်းတိုက်ဆရာတော် ဒေါက်တာ ဘဒ္ဒန္တ ကောဝိဒ ထံသို့ လှူဒါန်းပေးအပ်ခဲ့ကြောင်း သိရသည်။
မိုင်းဆတ်မြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး(Sinopharm)ဒုတိယအသုတ် ဆက်လက်ထိုးနှံပေးမည်
Aug 07,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုး (Sinopharm) ဒုတိယ အသုတ်ထိုးနှံခြင်းကို  ဩဂုတ်လ(၈)ရက်နေ့ နံနက်(၉)နာရီမှစတင်၍ ဦးစားပေးအုပ်စုအလိုက် မြို့နယ် ပြည်သူ့ဆေးရုံတွင် ထိုးနှံပေးသွားမည်ဖြစ်ကြောင်းသိရသည်။
မချမ်းဘော့မြို့၌ ကိုဗစ်-၁၉ကာကွယ်ဆေးထိုးနှံရန်အသံချဲ့စက်ဖြင့်လှည့်လည်နှိုးဆော်
Aug 07,2021
ကချင်ပြည်နယ်၊ပူတာအိုခရိုင်၊ မချမ်းဘော့မြို့နယ်တွင်ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး(Sinopharm) ထိုးနှံရန်မချမ်းဘော့မြို့ပေါ်ရှိရပ်ကွက်များတွင် အသံချဲ့စက်ဖြင့်လှည့်လည်နိုးဆော်ခြင်းကို ယမန်နေ့ ညနေ ၅နာရီတွင်ဆောင်ရွက်ခဲ့သည်။
 စုကလိမြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံကြရန်နှင့် ရောဂါပြန့်ပွားမှုမရှိစေရေး ကရင်၊ မြန်မာ နှစ်ဘာသာဖြင့် အသိပညာပေးနှိုးဆော်
Aug 07,2021
    ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု ထိန်းချုပ်နိုင်ရန်အတွက် ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ စုကလိမြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံကြရန်နှင့် ရောဂါပြန့်ပွားမှုမရှိစေရေး ကရင်၊ မြန်မာနှစ်ဘာသာဖြင့် အသိပညာပေးနှိုးဆော်ခြင်းလုပ်ငန်းကို ယနေ့နံနက် ၈ နာရီအချိန်က စတင်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူးနှင့် ဌာနဆိုင်ရာဝန်ထမ်းများက မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများသို့သွားရောက်ဆောင်ရွက်ခဲ့သည်။
ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ​ဒေသတွင် တတိယအကြိမ် ကာကွယ်ဆေးထိုးနှံမှုတွင် အသက်(၆၅)နှစ် နှင့်အထက် သက်ကြီးဘိုးဘွားနှင့် ဦးစား​ပေးအဆင့်အလိုက် ပြည်သူ (၅၅၂၄)ဦး ကာကွယ်​ဆေး ထိုးနှံပြီးဖြစ်
Aug 07,2021
ရှမ်းပြည်နယ်(​တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ​ဒေသအတွင်းရှိ ပင်းတယမြို့နယ်နှင့် ရွာငံမြို့နယ်တို့တွင် အသက်(၆၅)နှစ်အထက် သက်ကြီးဘိုးဘွားများနှင့် ဦးစား​ပေးအဆင့်လိုက် ကျန်းမာ​ရေးဝန်ထမ်းများ၊ လူမှု​ရေးအသင်းများ၊ ပြည်သူများအား ကိုဗစ်-၁၉​ ရောဂါ ကာကွယ်ဆေး တတိယအကြိမ် ထိုးနှံ​ပေးခြင်းကို ဇူလိုင်လ(၃၀)ရက်​နေ့ မှစတင်၍ ထိုးနှံ​ပေးလျက်ရှိကြောင်း သိရသည်။
ကယားပြည်နယ်အတွင်း သဘာဝဘေးအန္တရာယ် ကျရောက်လာပါက တုံ့ပြန်ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ညှိနှိုင်းအစည်းအဝေးကျင်းပ
Aug 07,2021
ကယားပြည်နယ်အတွင်း သဘာဝဘေးအန္တရာယ် ကျရောက်လာပါက တုံ့ပြန်ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်ပိုင်းက ကယားပြည်နယ်အစိုးရအဖွဲ့ရုံး ၊ အစည်းဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
နမ့်ခမ်းမြို့၌  သက်ကြီးရွယ်အိုများ၊ သံဃာတော်များနှင့် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေး
Aug 07,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက် ပြန့်ပွားမှု ကြိုင်တင် ကာကွယ် ထိန်းချုပ် တားဆီးနိုင်ရန် ယနေ့နံနက်ပိုင်း (၉)နာရီအချိန်တွင် နမ့်ခမ်းမြို့ရှိ ကျားဖြူခန်းမနှင့် ပေါက်တင်မရပ် လူငယ်ခန်းမတို့၌ အသက်(၆၅)နှစ်အထက် သက်ကြီးရွယ်အို အဖိုးအဘွားများ ၊ သံဃာတော်များ၊ နိုင်ငံ့ဝန်ထမ်းမိသားစုများနှင့် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမြို့နယ်အားလုံးတွင် ကိုဗစ်ရောဂါကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပြီးဖြစ်
Aug 07,2021
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများဖြစ်သည့် ဟိုပုံးမြို့နယ်၊ ပင်လောင်း မြို့နယ်၊ဆီဆိုင်မြို့နယ်များတွင်  မြို့နယ်များအလိုက် ရရှိသည့် ကိုဗစ်ရောဂါ ကာကွယ်ဆေး  Sinopharm   အား ပထမအကြိမ်ထိုးနှံပြီးဖြစ်ကြောင်း သိရသည်။