မိုင်းငေါ့မြို့တွင် ကိုဗစ်- ၁၉ရောဂါ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်

မိုင်းငေါ့ ဩဂုတ် ၇

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ် တားဆီးရေးနှင့် ကြိုတင်ကာကွယ်နိုင်ရေး နှင့် ပတ်သက်သည့် အသိပညာပေး နှိုးဆော်ခြင်း ကို ယမန်နေ့က ဆောင်ရွက်လျက် ရှိသည်။

ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ရေးနှင့် ပတ်သက် ၍ပြည်သူများ အနေဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှထုတ်ပြန်ထားသော လမ်းညွှန်ချက်များနှင့်အညီ လိုက်နာကြရန် ၊မြို့ပေါ်ရပ်ကွက် အတွင်းနေထိုင်ကြသော ပြည်သူများအနေဖြင့် မဖြစ်မနေအရေးကြီး ကိစ္စကြောင့်အပြင်ထွက်ရပါက ပါးစပ်နှာခေါင်းစည်းများ  စနစ်တကျတပ်ဆင်ရန် အနည်းဆုံး ၆ပေအကွာမှခပ်ခွာခွာရေရန် ၊လူစုလူဝေးပြုလုပ်ခြင်း၊ သွားလာခြင်း ကိုရှောင်ကျဉ်ကြရန် တစ်ခုခု ကိုင်တွယ်ပြီးတိုင်း ထိတွ့ပြီးတိုင်း လက်ကြိဆပ်ပြာဖြင့် အနည်းဆုံး စက္ကန့်(၂၀)ကြာအောင်ဆေးကြရန်  ရပ်ကွက်အတွင်း သံသယလူနာတွေ့ ရှိပါက တိုက်နယ်ကျန်းမာရေးဌာန နှင့် မိမိတို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးများထံ အမြန်ဆုံးအကြောင်းကြားရန်၊ ပြည်ပမှပြန်လာသူများ၊Stay at Home မြို့များမှပြန်လာသူများ ရှိပါက သက်ဆိုင်ရာအုပ်ချုပ်ရေးမှူးထံ အကြောင်းကြားပေးရန်နှင့် ပြည်သူများအားလုံး ပူးပေါင်းပါဝင်ပေးကြရန် စသည့်တို့ကို အသိပညာပေးနိူးဆော်ပေးခဲ့ကြောင်း သိရသည်။

မြင့်သွယ်(မိုင်းငေါ့ ပြန်/ဆက်)