အမ်းမြို့နယ်၌ အောက်ဆီဂျင်စက်ရုံ တည်ဆောက်မှု(၄၀)ရာခိုင်နှုန်းပြီးစီး
Aug 07,2021
အမ်းမြို့နယ်၌ ကိုဗစ်-၁၉ကာကွယ်ထိန်းချုပ်ရေးအတွက် အထောက် အကူဖြစ်စေမည့် အောက်ဆီဂျင်စက်ရုံအား အမ်းမြို့နယ်အောက်ဆီဂျင်စက်ရုံဖြစ်မြောက်ရေးကော်မတီအဖွဲ့မှ ဦးဆောင်မှုဖြင့်ဇူလိုင်လ(၁၄) ရက်နေ့မှ စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ ဩဂုတ်လ(၆) ရက်နေ့အထိ စုစုပေါင်းအလှူရှင် (၅၅၆)ဦးမှ လှူဒါန်းငွေကျပ်(၁၅၂၅၁၀၀၀၀) ကျပ်အားလှူဒါန်းခဲ့ကြသည်။