ရှမ်းပြည်နယ်(အရှေ့ပိုင်း)ရှိ ဘုန်းတော်ကြီးကျောင်း၊ ပရိယတ္တိစာသင်တိုက်၊ ဘုန်းတော်ကြီး သင်ပညာရေး ကျောင်းများအတွက် ဆွမ်းဆန်တော်၊ ပဲ၊ ဆီများ ဆက်ကပ်လှူဒါန်း

ကျိုင်းတုံ ဩဂုတ် ၇

နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ရှမ်းပြည်နယ်(အရှေ့ပိုင်း)ရှိ ဆွမ်းကွမ်းခက်ခဲသည့် ဘုန်းတော်ကြီးကျောင်း၊ ပရိယတ္တိ စာသင်တိုက်၊ ဘုန်းတော်ကြီးသင် ပညာရေး ကျောင်းများအတွက်  ဆွမ်းဆန်တော်၊ ပဲ၊ ဆီများ ဆက်ကပ် လှူဒါန်းပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ လှူဒါန်းပေးလျက်ရှိရာ ယနေ့တွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)ရှိ မြို့နယ်များနှင့် “ ဝ ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းမြို့များရှိ ဆွမ်းကွမ်းခက်ခဲသည့် ဘုန်းတော်ကြီးကျောင်း၊ ပရိယတ္တိစာသင်တိုက်၊ ဘုန်းတော်ကြီးသင်ပညာရေး ကျောင်းများ စုစုပေါင်း ၉ ကျောင်းရှိ ရဟန်း၊ သာမဏေ၊ သီလရှင်များအတွက် ငွေကျပ် ၆၈၈၁၀၀၀ တန်ဖိုးရှိ ဆွမ်းဆန်တော်၊ ပဲ၊ ဆီ များကို ရှမ်းပြည်နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးခွဲ ဒုတိယညွှန်ကြားရေးမှူး ဦသီဟဇော်နှင့် တာဝန်ရှိသူများက ကျိုင်းတုံမြို့၊ ဗဟိုသာသနာပြုဌာန၊ ထေရဝါဒဗုဒ္ဓသာသနာပြု ကျောင်း ဆရာတော်ထံ ဆက်ကပ် လှူဒါန်းခဲ့ကြောင်း သိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)