ကျေးရွာမတည်ရန်ပုံငွေပေးအပ်ပွဲကျင်းပ
Aug 12,2021
ကျေးရွာမတည်ရန်ပုံငွေ (VRFP) Type-2 အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော ဇေယျာသီရိမြို့နယ် ၊ ကျောက်ချက်ကျေးရွာအုပ်စု၊ အလယ်ရွာကျေးရွာတွင် ဒုတိယအကြိမ် နေ့ချင်းဆပ် နေ့ချင်းထုတ်ချေးစနစ်ဖြင့် ကျေးရွာမတည်ရန်ပုံငွေ ကျပ်(၁၉၆)သိန်း ထုတ်ချေးပေးခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါကျေးရွာရှိ မိုးသောက်ပန်းစာကြည့်တိုက်၌ ကိုဗစ်-၁၉ စည်းကမ်း သတ်မှတ် ချက်များနှင့်အညီ ထုတ်ချေးပေးခဲ့ကြောင်းသိရသည်။