ပင်းတယမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု ပပျောက်ရေး ပြည်သူများ ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ရေး အသိပေးနှိုးဆော်
Aug 13,2021
ရှမ်းပြည်နယ်(တောင်ပိုင်း) ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်တွင် လက်ရှိဖြစ်ပေါ်နေသော ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မြင့်တက်လျက်ရှိသဖြင့် ရောဂါကူးစက်ပြန့်ပွားမှု ပပျောက်ရေးတွင် ပြည်သူများ ပူးပေါင်းပါဝင်ဆောင်ရွက်လာနိုင်ရန် အသိပေးနှိုးဆော်ခြင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဓနုကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသ အဆင့်ရုံး (ပင်းတယ)နှင့် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနတို့ ပူးပေါင်း၍ ပင်းတယမြို့ပေါ် ငှက်ပျောတောရပ်ကွက်ရှိ ယာယီပျံကျဈေး၊ ပြည်တော်သာရပ်ကွက်နှင့် ဈေးတန်းရပ်ကွက်တို့တွင် ယနေ့မနက်ပိုင်းက အသံချဲ့စက်ဖြင့် လှည့်လည်အသိပေးနှိုးဆော်ခဲ့ ကြောင်း သိရသည်။