နောင်ချိုမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးပြည်သူများအား အသိပညာပေး နှိုးဆော်
Aug 13,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းစဉ်များကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ ညနေ ၄ နာရီအချိန်မှ စတင်၍ နောင်ချိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း၍ နောင်ချိုမြို့နယ် မြို့ပေါ်ရပ်ကွက်များအတွင်း နေထိုင်ကြသော မိဘပြည်သူများအား အသံချဲ့စက်ဖြင့် လှည့်လည်ကာ အသိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။