မလှိုင်မြို့နယ်တွင် မိုးစပါးစိုက်ပျိုးရန် ဆည်များ ရေဝင်ရောက်မှု ကွင်းဆင်းကြည့်ရှုစစ်ဆေး
Aug 12,2021
မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်စိုက်ပျိုးရေး ညှိနှိုင်းမှုအဖွဲ့ ဥက္ကဋ္ဌ ၊မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်သည် ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ AE ဦးစိုးမိုး ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူးဦးစန်းယု၊ မြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးလှမိုးထွေး နှင့် တာဝန်ရှိသူများလိုက်ပါလျှက် ဆည်ရေသောက် ဧရိယာအတွင်း မိုးစပါးစိုက်ပျိုးရာတွင် အောင်ရေ ရရှိသည်ထိ အပြည့်အဝ ရေပေးဝေနိုင်ခြင်း ရှိ / မရှိ သိရှိ နိုင်ရန် ဆည် များအတွင်း ရေဝင်ရောက်မှု အခြေအနေနှင့် ဆည်တမံများ၏ ကြံ့ခိုင်မှုအခြေအနေများကို ယမန်နေ့က သွားရောက် ကြည့်ရှု စစ်ဆေးခဲ့ကြောင်းသိရသည် ။