ခင်ဦးမြို့ ဝေပုလ္လာရာမကျောင်းသစ်ကျောင်းတိုက်သို့ အောက်ဆီဂျင်စက် (၁၀) လုံး လှူဒါန်း
Aug 11,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့၊ အောင်သီရိရပ်၊ ဝေပုလ္လာရာမကျောင်းသစ်ကျောင်းတိုက် ဆရာတော် ဝေပုလ္လာစာရကဦးစီးပြီး မြတ်သီရိလူမှုကူညီရေးအသင်း ဦးဆောင်သော အောက်ဆီဂျင် စက်၊ အောက်ဆီဂျင်အိုး ဖြစ်မြောက်ရေးကော်မတီက ကိုဗစ်-၁၉ ရောဂါဖြစ်ပွားရာတွင် Oxygen ပြတ်လပ်မှုမရှိစေရေး အတွက် ဆောင်ရွက်လျက်ရှိရာ အလှူရှင်များက ဩဂုတ်လ ၁၀ ရက်နေ့က Oxygen စက် (၁၀) လုံး လှူဒါန်းခဲ့ကြောင်း သိရသည်။