သတင်းများ

လှိုင်သာယာ(အ​ရှေ့ပိုင်း)မြို့နယ်၌ သဘာ၀ဘေးတားဆီးကာကွယ်ရေးအတွက် ဆွေးနွေး ဆောင်ရွက်
Aug 12,2021
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ် နဝဒေး ဥယျာဉ်အိမ်ရာခန်းမတွင် ယမန်နေ့ နံနက် (၁၀)နာရီ အချိန်တွင် ကိုဗစ်−၁၉ရောဂါ ကာကွယ် ထိန်းချုပ်ရေးကော်မတီမှ သဘာဝဘေးတားဆီးကာကွယ်ရေးအတွက် ဆွေးနွေးဆောင်ရွက်ခဲ့ သည်။
ခိုင်ကမ်းမြို့တွင် သက်ကြီးဘိုးဘွားများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပေး
Aug 12,2021
တီးတိန်မြို့နယ် ခိုင်ကမ်းမြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Sinopharm အား ဦးစားပေး အုပ်စုအလိုက် ပထမအကြိမ် ထိုးနှံပေးခြင်းကို ယမန်နေ့နံနက် ၉နာရီခွဲ အချိန်က မြို့အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ထိုးနှံပေးခဲ့ကြောင်းသိရှိရသည်။
မော်လမြိုင်မြို့တွင် ကိုဗစ်-၁၉ကာကွယ်ရေး ဈေးဝယ်ခွင့်လက်မှတ်နှင့် နှာခေါင်းစည်း(Mask)တပ်ဆင်ခြင်း ရှိ/မရှိ စစ်ဆေး
Aug 12,2021
မွန်ပြည်နယ် မော်လမြိုင်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်ရန်နှင့် ကူးစက်ပြန့်ပွားမှုကို ထိရောက်စွာ ဟန့်တားနိုင်ရေး နေအိမ်ပြင်ပ ဈေးဝယ်သွားလာ ခွင့်လက်မှတ်ပါရှိမှုရှိ/မရှိနှင့် နှာခေါင်းစည်း တပ်ဆင်ထားခြင်း ရှိ/မရှိစစ်ဆေးခြင်းကို ယမန်နေ့နံနက်၁၀နာရီက လှိုင်ရပ်ကွက် ဘဲကုန်းဈေးလမ်းမ ကြီး၌ လမ်းသွား/ လမ်းလာပြည်သူများ၊ ယာဉ်များအားမြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေး နှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌဦးတင်ယု၏ ကြီးကြပ်မှုဖြင့် ကော်မတီအဖွဲ့ဝင်များ၊ ရပ်ကွက် တာဝန်ရှိသူ တို့က ပူးပေါင်းစစ်ဆေးသည်။
ကိုဗစ်-၁၉ ရောဂါကာလအတွင်း ရခိုင်ပြည်နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများသို့ နယ်စပ်ရေးရာဝန်ကြီးဌာနမှ ဆန်၊ ဆီ၊ ပဲများထောက်ပံ့လှူဒါန်း
Aug 12,2021
ကိုဗစ်-၁၉ ရောဂါကာလအတွင်း ရခိုင်ပြည်နယ်အတွင်းရှိ ဆွမ်းအခက်အခဲရှိသော ဘုန်းတော်ကြီးကျောင်းများသို့ နယ်စပ်ရေးရာဝန်ကြီးဌာနမှ ဆန်၊ ဆီ၊ ပဲစသည့် ပစ္စည်းသုံးမျိုးကို ထောက်ပံ့လှူဒါန်းလျက်ရှိကြောင်း သိရသည်။
အမ်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများတွင်ပူးပေါင်းကူညီ ဆောင်ရွက်နေသူများ၏ စကားသံများ
Aug 11,2021
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများတွင် မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီအဖွဲ့နှင့်အတူပူးပေါင်းကူညီဆောင်ရွက်လျက်ရှိသော အသင်းအဖွဲ့၊ စေတနာ့ဝန်ထမ်း (Volunteer) များ၏ ရင်တွင်းက စကားသံများကိုတွေ့ဆုံမေးမြန်းထားခြင်းဖြစ်ပါတယ်။
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ လေးဝတီကုလရက္ခိတ(ပရဟိတ) လူမှုကူညီရေးအသင်းနှင့်  တွေ့ဆုံမေးမြန်းခြင်း
Aug 11,2021
မေး။   ။ မင်္ဂလာပါရှင့်၊ လူကြီးမင်းနာမည်နဲ့ အသင်းအဖွဲ့ရဲ့ နာမည်လေးသိချင်ပါတယ်ရှင့်။ ဖြေ။    ။ကျွန်တော်နာမည်ကတော့ ကိုဂျပန်ကြီးပါခင်ဗျ၊ ကျွန်တော်ကတော့ လေးဝတီကုလရက္ခိတ (ပရဟိတ)အသင်းရဲ့ ဥက္ကဋ္ဌတာဝန်ကို ထမ်းဆောင်နေပါတယ်ခင်ဗျ။
မာန်အောင်မြို့နယ်တွင် တည်ဆောက်လျက်ရှိသော အောက်ဆီဂျင်စက်ရုံတွင် လိုအပ်လာမည့် အောက်ဆီဂျင်အိုးသစ်အလုံး(၅၀)အား လှူဒါန်းသွားမည်
Aug 11,2021
ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်တွင် မြို့နယ်လုံးဆိုင်ရာ အောက်ဆီဂျင်စက်ရုံဖြစ်မြောက်ရေးကော်မတီမှ အလှူရှင်များ၏အလှူငွေဖြင့် တည်ဆောက်လျက်ရှိသော အောက်ဆီဂျင်စက်ရုံတွင် လိုအပ်လာမည့် ၄၀လီတာဝင်အောက်စီဂျင်အိုးသစ်(၅၀)လုံး (တန်ဖိုးငွေကျပ်၁၂၅သိန်း)ကို မာန်အောင်အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်မှ စေတနာရှင်လူမှုကူညီရေအသင်း(နာရေး) မာန်အောင်မြို့မှတစ်ဆင့် လှူဒါန်းသွားမည်ဖြစ်ကာ ၎င်းအောက်ဆီဂျင်အိုးအလုံး၅၀ သည် တောင်ကုတ်မြို့သို့ရောက်ရှိနေပြီးစေတနာရှင် လူမှုကူညီရေးအသင်း(နာရေး) မာန်အောင်ကိုယ်စားလှယ်များက ယခုလ ၁၀ ရက်နေ့တွင် လွှဲပြောင်းလက်ခံရယူထားပြီး အောက်ဆီဂျင်ဖြည့်ဆည်းကာ မာန်အောင်မြို့နယ်သို့ ရောက်ရှိလာမည်ဟု သိရသည်။
ကျောက်တန်းမြို့နယ်တွင် အောက်ဆီဂျင်စက်ရုံတည်ဆောက်ရန် ပန္နက်တင်မင်္ဂလာကျင်းပ
Aug 11,2021
ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် ကျောက်တန်းမြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် လိုအပ်လျက်ရှိသော အောက်ဆီဂျင်ပြတ်လပ်မှုအခက်အခဲများ မကြုံတွေ့စေရန်နှင့် အောက်ဆီဂျင် လုံလောက်စွာ ဖြန့်ဖြူးပေးနိုင်ရန် အတွက်အလှူရှင်ပြည်သူများမှ လှူဒါန်းသော အောက်ဆီဂျင် စက်ရုံ တည်ဆောက်ရန် ပန္နက်တော်တင်မင်္ဂလာအခမ်းအနားကို  ယနေ့နံနက် ၉ နာရီက အဆိုပါအဆောက်အဦတည်ဆောက်မည့် ရွှေမှော်ဝန်းသာသနာ့ဗိမာန်ဝင်းအတွင်း ကျင်းပခဲ့ကြောင်း သိရသည်။