ဖလမ်း သြဂုတ် ၁၂
ဖလမ်းမြို့နယ်အတွင်း ဆေးဝါးနှင့်ဆေးပစ္စည်းများ ပြတ်လပ်မှုမရှိစေရေးသတ်မှတ်အရည်အသွေး နှင့် စျေး နှုန်း မှန်ကန်စွာ ရောင်းချရေးအတွက် ယမန်နေ့ မွန်းလွဲ ၁၂ နာရီခွဲခန့်အချိန်က ဖလမ်းမြို့နယ်ဆေးဝါးနှင့် ဆေး ပစ္စည်း စျေးကွက် စောင့်ကြည့်ရေးအဖွဲ့က ဆေးဝါးနှင့် ဆေးပစ္စည်းအရောင်းဆိုင်များအား လိုက်လံစစ်ဆေး လျက်ရှိ ကြောင်း သိရသည်။
ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်အတွင်း ဆေးဝါးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များတွင် ဆေးဝါးနှင့်ဆေးပစ္စည်း များ ပြတ်လပ်မှု မရှိစေရေး၊ သတ်မှတ်အရည်အသွေးနှင့် စျေးနှုန်းမှန်ကန်စွာရောင်းချစေရေးအတွက် မြို့ပေါ်ရှိ ဆေးဝါး နှင့်ဆေးပစ္စည်း အရောင်းဆိုင် (၁၁) ခုကို လိုက်လံစစ်ဆေးခြင်းဖြစ်သည်။
အဆိုပါစစ်ဆေးမှုကို ဖလမ်းမြို့နယ် ဆေးဝါးနှင့် ဆေးပစ္စည်းများစျေးကွက်စောင့်ကြည့်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်ခေါင် ဦးဆောင်မှုဖြင့် မြို့နယ် စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ပြည်သူ့ကျန်းမာရေး ၊မြို့နယ်ရဲတပ်ဖွဲ့နှင့် အစားသောက်နှင့် ဆေးဝါး ကွပ်ကဲရေးဦးစီးဌာနနှင့် ကုန်သည်များနှင့်စက်မှုလုပ်ငန်းရှင်များအသင်းတို့က လိုက် လံစစ်ဆေးခဲ့ခြင်းဖြစ် ကြောင်း သိရ သည်။
ခရိုင်(ပြန်/ဆက်)