စစ်တွေမြို့၌ ဈေးရောင်းဈေးဝယ်သူများနှင့် လမ်းသွားလမ်းလာသူများအား ကိုဗစ်-၁၉ ရောဂါပျံ့နှံ့မှုမရှိရေးအတွက် Mask များ အခမဲ့ဖြန့်ဝေ

စစ်တွေ     ဩဂုတ်    ၁၅

ရခိုင်ပြည်နယ် ၊ စစ်တွေမြို့၌ ကိုဗစ် ၁၉ ရောဂါ ပျံနှံ့မှုမရှိစေရေးအတွက် Mask Campaign လှုပ်ရှားမှုများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် ၈ နာရီက ဈေးရောင်းဈေးဝယ်သူများနှင့် လမ်းသွားလမ်းလာသူများအား ကိုဗစ်-၁၉ ရောဂါပျံ့နှံ့မှုမရှိရေး အတွက် မြို့နယ်အဆင့်ဌာနဆိုင်ရာများက Mask များအခမဲ့ဖြန့်ဝယ်ပေးကြသည်။

ထို့သို့ဆောင်ရွက်ကြတွင် မြို့နယ်အဆင့်ဌာနဆိုင်ရာများက ဈေးရောင်းဈေးဝယ်သူများအား Mask များကိုအခမဲ့ဖြန့်ဝယ်ပေးခြင်း၊ ဟောင်းနွမ်းနေသော Maks တပ်ဆင်သူများအား အသစ်လှဲလှယ်ခြင်းများ ပြုလုပ်ကြပြီး အတတ်နိုင်ဆုံး မိမိနေအိမ်တွင် နေထိုင်ကြရန် ၊မဖြစ်မနေအိမ်ပြင် ထွက်ရပါက Mask ကို စနစ်တကျတပ်ဆင်ပြီးမှသွားလာကြရန်၊ လက်ကို မကြာခဏဆပ်ပြ/ လက်သန့်ဆေးရည် တို့ဖြင့်ဆေးကြောရန်၊ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာ နေထိုင်ပြောဆိုဆက်ဆံကြရန်၊ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ရောဂါကာကွယ်ရေး ဆိုင်ရာ လမ်းညွှန်ချက်များနှင့် အညီလိုက်နာနေထိုင်ကြရန်၊ ရောဂါ သံသယရှိပါက နီးစပ်ရာကျန်းမာရေးဌာနနှင့် ဆက်သွယ်ကာ စစ်ဆေးခံယူကုသကြရန် ပြောကြားကြသည်။

ဝင်းမင်းစိုး(ပြန်/ဆက်)