ပုလဲမြို့နယ်တွင် အသက်(၆၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအပါအဝင် ဦးတည်အုပ်စုများအလိုက် သတ်မှတ်ထားရှိသူ (၃၅၀၀)ဦးအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး(Sinopharm)များ ထပ်မံထိုးနှံ ပေးပြီးဖြစ်

ပုလဲ သြဂုတ် ၁၅

စစ်ကိုင်းတိုင်းဒေသကြီး၊ယင်းမာပင်ခရိုင်၊ပုလဲမြို့နယ်တွင် အသက်(၆၅)နှစ်နှင့်အထက်သက်ကြီးဘိုးဘွားများအပါအဝင် ဦးတည်အုပ်စုများအလိုက် သတ်မှတ်ထား ရှိသူ(၃၅၀၀)ဦးအား မြို့နယ်COVID–19ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏  ကြီးကြပ်မှုဖြင့် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး( Sinopharm)ကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက ထပ်မံထိုးနှံပေးခဲ့ကြောင်း သိရသည်။

ပုလဲမြို့နယ်အတွက် ကိုဗစ်-၁၉ကာကွယ်ဆေး(၁၇၅၀)လုံးခွဲတမ်းရရှိသောကြောင့် ဆေး(၁)လုံးလျှင် ၂ဦးနှုန်းဖြင့်  သြဂုတ် ၃ ရက်နေ့တွင် (၅၀၀)ဦး၊ သြဂုတ် ၄ ရက်နေ့တွင် (၅၀၀)ဦး၊  သြဂုတ်  ၇ ရက်နေ့တွင် (၃၁၈)ဦး၊သြဂုတ် ၈ရက်နေ့တွင် ( ၇၇၆ )ဦးနှင့် သြဂုတ် ၉ရက်နေ့တွင် (၄၀၆)ဦး ၊ သြဂုတ် ၁၄ရက်နေ့တွင် (၁၀၀၀)ဦး၊စုစုပေါင်း  လူဦးရေ ( ၃၅၀၀ )ဦးကို စုရပ်နေရာများ ဖြစ်သည့်  မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပုလဲရတနာခန်းမနှင့် အခြေခံပညာအထက်တန်းကျောင်း၌ ထိုးနှံပေးခဲ့သည်။

ထို့သို့ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး(Sinopharm)ထိုးနှံပေးရာတွင် ကာကွယ်ဆေးလာရောက်ထိုးနှံသူများကို ကာကွယ်ဆေးမထိုးပေးမီ ကိုယ်အပူချိန်  တိုင်းတာခြင်း၊ သွေးပေါင်ချိန်  တိုင်းတာခြင်းနှင့် ကာကွယ်ဆေးထိုး မှတ်တမ်းများရေးသွင်းခြင်းများ ပြုလုပ်ပြီးနောက် အသက်(၆၅)နှစ်နှင့်အထက်ရှိသူများ၊အစိုးရ/ပုဂ္ဂလိကကျန်းမာရေး ဝန်ထမ်းများ၊စေတနာ့ ဝန်ထမ်းများ၊ ရဟန်း/ သံဃာ/ သီလရှင်များ၊ နိုင်ငံ့ ဝန်ထမ်းများ၊ ပုဂ္ဂလိက ပို့ဆောင်ရေးလုပ်ငန်းများတွင် ဆောင်ရွက်နေသည့်  ယာဉ်မောင်း/ ယာဉ်နောက်လိုက်များ၊ ဈေးရောင်း/  ဈေးဝယ်များစသည့်ဖြင့် ဦးတည်အုပ်စုများအလိုက် သတ်မှတ်ထားရှိသူများကို  မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက ထိုးနှံပေးခဲ့သည်။

အဆိုပါ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး(Sinopharm)ထိုးနှံပေးနေမှု အခြေအနေများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသိန်း‌ဇော်ထွန်း၊   မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့  အဖွဲ့ဝင်(၁)ဗိုလ်မှူးလှထွဋ်နောင်နှင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဒုတိယဦးစီးမှူး ဒေါ်ငုဝါခိုင်နှင့် ဝန်ထမ်းများ၊  ရဲတပ်ဖွဲ့ဝင်များနှင့်   မီးသတ်တပ်ဖွဲ့ဝင်များ၊   စေတနာ့ဝန်ထမ်းများက ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးခဲ့ကြောင်းနှင့် အသက်( ၆၅ ) နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအပါအဝင် ဦးတည်အုပ်စုများအလိုက် ကျန်ရှိနေသူများအား ကိုဗစ်-၁၉ကာကွယ်ဆေး ထပ်မံရောက်ရှိမှုအပေါ်မူတည်၍ ကျန်းမာရေးဝန်ကြီးဌာန၏  လမ်းညွှန်ချက်များနှင့်အညီ ဆက်လက်၍ ထိုးနှံပေးမည် ဖြစ်ကြောင်း မြို့နယ်COVID–19ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ သိရသည်။

 မင်းခန့်စိုး(ဇေယျာမြေ)