ရွာငံမြို့နယ် ကိုဗစ်-၁၉ရောဂါ ကုသရေးစင်တာတွင် ကိုဗစ်-၁၉ရောဂါကာကွယ် ထိန်းချုပ် ကုသရေးလုပ်ငန်းများ၌ အသုံးပြုရန် အောက်စီဂျင်စက်နှင့် ဆက်စပ်ပစ္စည်းများ လာရောက်လှူဒါန်း

ရွာငံ  ဩဂုတ်  ၁၅

ရှမ်းပြည်နယ်တောင်ပိုင်း ၊  ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့်ကုသရေးလုပ်ငန်းများ၌ အသုံးပြုရန် အတွက် စေတနာရှင်အလှူရှင်များက ယမန်နေ့ နံနက် ၁၁ နာရီခန့်တွင် အောက်စီဂျင်အိုးနှင့် ဆက်စပ်ပစ္စည်းများကို မြို့နယ်ကိုဗစ်-၁၉ရောဂါ ကုသရေးစင်တာသို့ လာရောက်လှူဒါန်း ခဲ့ကြောင်းသိရသည်။

Smart Care Co,Ltd မိသားစု(ရန်ကုန်)ကိုယ်စား တောင်ပေါ်ကျောင်းဆရာတော်နှင့် ဦးလှထွေး(အင်ဂျင်နီယာ)တို့မှ  မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးအတွက် ငွေကျပ်(၂၂) သိန်း တန်ဖိုးရှိ 10 L Oxygen Concentrator(၁)လုံး နှင့် 7KVမီးစက်တစ်လုံးတို့ အားပေးအပ်လှူဒါန်းရာမြို့နယ်ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌခင်မောင်ဦး ၊ မြို့နယ် ဆရာဝန်ကြီး ဒေါက်တာအေးသန္တာနိုင်နှင့် တာဝန်ရှိသူများက လက်ခံရယူခဲ့ကာ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ကြောင်းသိရသည်။

ပြည့်ဖြိုးသန့်