လှိုင်းဘွဲ ဩဂုတ်-၁၅
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် ဆေးဆိုင်များအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာလအတွင်း ဆေးဝါးများ ရောင်းချရာတွင် ဈေးနှုန်းများ မြင့်တက်၍ ရောင်းချခြင်း၊ သတ်မှတ်ချက်နှင့်အညီ ရောင်းချခြင်း ရှိ/မရှိ စစ်ဆေးခြင်းကို ယမန်နေ့က မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆောင်၍ လိုက်လံစစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကွင်းဆင်းစစ်ဆေးရာတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းသန်း၊ စည်ပင်သာယာရေး အမှုဆောင်အရာရှိ ဦးကျော်နိုင်ဦးနှင့် မြို့နယ်ရဲတပ်ဖွဲ့တို့က လှိုင်းဘွဲမြို့အတွင်း ရောင်းချနေသော ဆေးဆိုင်များအနေဖြင့် ဆေးများ ဈေးနှုန်းမြင့်တက်၍ ရောင်းချခြင်း၊ ကိုဗစ်-၁၉ လမ်းညွန်ချက်နှင့်အညီ စနစ်တကျရောင်းချခြင်း၊ သက်တမ်းလွန် ဆေးဝါး ရောင်းချခြင်း ရှိ/မရှိကို လိုက်လံစစ်ဆေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)