လှိုင်းဘွဲ ဩဂုတ် ၁၅
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ် စည်ပင်သာယာမြို့မဈေးနှင့်ယာယီပျံကဈေးအား ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းတွင် ထိရောက်စွာ ဆောင်ရွက်နိုင်ရေးအတွက် ဇူလိုင်လ(၁၂)ရက်နေ့ စတင်ပြီး ယာယီပိတ်ထားခဲ့ရာ ယနေ့ နံနက်ပိုင်းက စတင်၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးလမ်းညွန်ချက်နှင့်အညီ ပြန်လည်ဖွင့်လှစ်ရောင်းချပြီးဖြစ်ကြောင်း သိရသည်။
ဈေးများပြန်လည်ဖွင့်လှစ်ရာတွင် ဈေးရောင်းဈေးဝယ်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရန်နှင့်ကူးစက်ပျံ့နှံမှု မရှိစေရန် အတွက် ကိုဗစ်-၁၉ရောဂါလမ်းညွန်ချက်နှင့်အညီ စနစ်တကျ လိုက်နာဆောင်ရွက်ရန် စည်ပင်သာယာရေး ဝန်ထမ်းများက ကြီးကြပ်ဆောင်ရွက်ပြီး ဈေးရောင်း/ဈေးဝယ်သူများ ဈေးဝယ်ရာတွင် နှားခေါင်းစည်းများ တပ်ဆင်ခြင်း၊ လူစုလူဝေး မပြုလုပ်ခြင်း၊ (၆)ပေအကွာမှ ဈေးဝယ်ခြင်း စသည့် လိုက်နာရမည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လမ်းညွန်ချက်များအား ဈေးပတ်ပတ်လည်တွင် ကပ်ထားကြေညာပေးခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)