တောင်ကုတ် ဩဂုတ် ၁၅
ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်တွင် ကိုဗစ် -၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ကိုဗစ်-၁၉ ကာကွယ်ဆေး မထိုးနှံရသေးသည့်ပုဂ္ဂလိက ဘဏ်ဝန်ထမ်းများ၊ စက်ရုံအလုပ်ရုံဝန်ထမ်းများ၊ ဝန်ထမ်းမိသားစုများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ယာဉ်မောင်း ယာဉ်နောက်လိုက်များအား ယနေ့ နံနက် ၉ နာရီ အချိန်မှ မွန်းလွဲ ၁၂ နာရီအချိန်ထိ ၎င်းနေ့လယ် ၁နာရီအချိန်မှ ညနေ ၄ နာရီအချိန်ထိ တောင်ကုတ်မြို့နယ်ခန်းမစုရပ်၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ထိုးနှံရာတွင် တောင်ကုတ်မြိုပေါ်ရပ်ကွက်များနှင့် ဌာနဆိုင်ရာများအား ဩဂုတ် (၁)ရက်နေ့မှ (၅)ရက်နေ့ထိ ၎င်းဩဂုတ်(၆)ရက်နေ့မှ (၁၁)ရက်နေ့ထိ ကျေးရွာအုပ်စု(၈)စုနှင့် တန်းလွဲရွာမမြို့တို့၌ ၎င်းသတ်မှတ်နေရာများ၌ အစုအဖွဲ့များအလိုက်(၄၂၆၁)ဦးတို့အား တရုတ်ပြည်သူသမ္မတနိုင်ငံမှ ထုတ်လုပ်သော Sinopharm အမျိုးစားကာကွယ် ဆေးတစ်လုံးလျှင်လူ (၂)ဦးနှုန်းဖြင့်ထိုးနှံ ပြီးစီးကြောင်းနှင့် တောင်ကုတ်မြို့နယ် အတွင်းဆေး(၂၇၆၄)လုံး ရရှိ၍(၅၅၂၈)ဦးထိုးနှံပေးသွားမည်ဖြစ်ရာ အသက်(၆၅)နှစ်နှင့်အထက် ဘိုး ဘွားရိပ်သာပါဘိုးဘွား(၁၇၉၅)ဦး၊ အစိုးရ/ပုဂ္ဂလိကကျန်းမာရေးဝန်ထမ်း(၃၅)ဦး ၊Volunteer/ပရဟိ (၆၃၄)ဦး ၊နိုင်ငံဝန်ထမ်း(၅၅၈)ဦးမိသားစု (၃၁၉)ဦးပုဂ္ဂလိက ဘဏ်ဝန်ထမ်း(၁၈)ဦး ၊အကျဉ်း/အချုပ်သား(၃၀)ဦး၊ စူပါမားကတ်/စျေး(၁၂၀)ဦး၊ ကျေးအုပ်စု(၈)အုပ်စုနှင့် တန်းလွဲရွာမမြို့တို့တွင် ဩဂုတ်(၁၃)ရက်နေ့ထိ စုစုပေါင်း(၄၈၄၃)ဦးအား ထိုးနှံထားပြီးဖြစ်ကြောင်း သိရသည်။
အဆိုပါဆေးထိုးခြင်း လုပ်ငန်းကိုမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းထွေးမြို့နယ် ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာလှထွန်းဇော်၏ ကြီးကြပ်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများက မြို့နယ်မီးသတ်တပ်ဖွဲ့နှင့် လူမှုရေးအဖွဲ့များက ကူညီဆောင်ရွက်ပေးလျက်ရှိကြကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်