ဂန့်ဂေါ သြဂုတ် ၁၅
ယခုနှစ် ဂန့်ဂေါမြို့နယ်၌ မိုးဦး နောက်ကျသဖြင့် လယ်မြေများတွင် မိုးစပါးကို နောက်ကျ စိုက်ပျိုးကြရကြောင်း သိရသည်။
“မိုးက ဇွန်လမှာ တစ်ရက်၊ နှစ်ရက်လောက်ပဲ နည်းနည်းရွာတယ်။ အစိုဓါတ်မရတော့ ဘာမှလုပ်မရဘူး။ ဇူလိုင်လမှ မိုးကကောင်းကောင်းရွာတော့ အဲဒီအချိန်မှ လယ်စလုပ် ကြရတယ်၊ ခုတော့ လယ်တွေ စိုက်ပြီးကြပါပြီ” ဟု ကျောမြို့မှ တောင်သူတစ်ဦးက ပြောသည်။
ဂန့်ဂေါမြို့နယ်အတွင်း ယခင်နှစ် မိုးရာသီက စပါး ၃၇၃၀၉ ဧက စိုက်ပျိုးနိုင်ခဲ့ပြီး ယခုနှစ်တွင်လည်း ၃၇၃၀၉ ဧကကို ဩဂုတ်လ ဒုတိယပတ်အတွင်း စိုက်ပျိုးပြီးစီးခဲ့ပြီး ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန စာရင်းများအရ သိရသည်။
တောင်သားမောင်သန်း