ကျွန်းစုမြို့တွင် ကိုဗစ်-၁၉ရောဂါကာကွယ်၊ ထိန်းချုပ်နိုင်ရေး အသိပေးနှိုးဆော်

ကျွန်းစု ဩဂုတ် ၁၅

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်မြန် တတိယလှိုင်းမျိုးရိုးဗီဇ ပြောင်းလဲသော  ရောဂါကူးစက်ပျံ့နှံ့မှုမှ ကာကွယ်ထိန်းချုပ်နိုင်ရေးနှင့်  ကာကွယ်ရေး နည်းလမ်း မြို့နယ်ရဲတပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ ပူးပေါင်း၍    ယမန်နေ့ မွန်းလွဲ(၂)နာရီအချိန်က မြို့ပေါ်ရပ်ကွက်များသို့ လှည့်လည်၍ အသိပေး နှိုးဆော်ခဲ့ကြောင်း သိရသည်။   

အသိပေးနှိုးဆော်ရာတွင် ပြည်သူများအနေဖြင့် ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ကာကွယ်ရေးနည်းလမ်းများ၊ နေအိမ်အပြင်သို့ထွက်တိုင်း ပါးစပ်နှင့်နှာခေါင်းစည်း (Mask) စနစ်တကျ မဖြစ်မနေတပ်ဆင်အသုံးပြုကြရန်၊ တစ်ဦးနှင့် တစ်ဦး တတ်နိုင်သမျှ ခပ်ခွါခွါနေထိုင်ရန်၊ လူစုလူဝေးရှောင်ရန်၊ လက်ကို စက္ကန့်(၂၀)ကြာ မကြာခဏဆေးရန်၊ အလုံပိတ်ခန်းများကို အတတ်နိုင်ဆုံးရှောင်ရန်တစ်ဦးနှင့်တစ်ဦးအချင်းချင်းအသိပေးပါရန်၊ အလုံပိတ်အခန်းများ၊ အဲယားကွန်းအခန်းများ၊ လေဝင်/လေထွက်မကောင်းသောအခန်းများသို့ သွားရောက်ခြင်းမှ အတတ်နိုင်ဆုံးရှောင်ကြည်ပါ၊ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးအတွက် ထုတ်ပြန်ထားသော လုပ်ငန်းလမ်းညွှန်နှင့်အညီ တိကျစွာ လိုက်နာဆောင်ရွက်ပါရန်၊ ကိုရိုနာဗိုင်းရပ်စ်ရောဂါ သံသယလက္ခဏာများ ပေါ်ပေါက်ပါက နီးစပ်ရာကျန်မာရေးဌာနသို့ ချက်ချင်းဆက်သွယ်၍ စောစီးစွာကုသမှုခံယူပါ။ အလှည့်ကျရရှိသော ကာကွယ်ဆေးသည် မိမိအတွက်အကောင်းဆုံးဖြစ်၍ ကာကွယ်ဆေးထိုးနှံခြင်းကိုအကြိမ်ပြည့်ခံယူပါ၊ ကိုဗစ်_ ၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပြီးသော်လည်း ကာကွယ်ရေးနည်းလမ်းများကို  ဆက်လက် လိုက်နာပါ။ ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများတွင် တတ်နိုင်သည့်ဘက်မှ လူအင်အား၊  ငွေကြေး၊ ပစ္စည်းကျွမ်းကျင်မှု   ပညာရပ်များဖြင့် စနစ်တကျပါဝင်ပူးပေါင်းပေးကြပါရန်  တိုက်တွန်း နှိုးဆော်ခဲ့ကြောင်း သိရသည်။

စည်သူရအောင်(ကျွန်းစု)