စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်မှ ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ကုသရေးပစ္စည်းများ နှင့်ထောက်ပံ့ငွေများ ပေးအပ်

ဆားလင်းကြီး   ဩဂုတ် ၁၅

  စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်တွင် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် ဆားလင်းကြီးမြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် ယမန်နေ့ညနေ ၄နာရီ ၃၀မိနစ်အချိန်က အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ငွေသာခန်းမတွင် တွေ့ဆုံခဲ့ကြောင်း သိရှိရသည်။

တွေ့ဆုံပွဲတွင် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမြတ်ကျော်က အဖွင့်အမှာ စကားပြောကြားခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများမှ မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများ၊ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးနေမှု အခြေအနေများ နှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပြီး တင်ပြချက်များအပေါ် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများက လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

ထို့နောက် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများက ဆားလင်းကြီးမြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီထံသို့ ထောက်ပံ့ငွေကျပ် (၁၀)သိန်း၊ ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ကုသရေးလုပ်ငန်းများတွင် ဆောင်ရွက်လျက်ရှိသော ဝန်ထမ်းများနှင့် Volunteerများအတွက် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးနှင့် ကုသရေး ပစ္စည်းများ၊ ၄၀လီတာဝင် အောက်ဆီဂျင် ဆလင်ဒါအိုး (၁၀)လုံး၊ ကွန်ဆန်ထရေတာ(၅)လုံး၊ ဦးထုပ် (၃)ဗူး၊ ခြေအိပ်(၁၀)စုံ၊ လက်အိပ်(၃)ဗူး၊ PPE ဝတ်စုံ(၂၀၀)စုံ၊ PPEသုံးမျက်မှန်((၂၀)ခု၊ 95 Mask(၂၀)ခု၊ ရိုးရိုး Mask(၅၀၀၀)ခု၊  Hand Jel(၂၀)ဗူး၊ Face Shield(၅၅)ခုနှင့် စားသောက်ဖွယ်ရာများ ကိုထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရသည်။