ကံမ ဩဂုတ် ၁၅
မကွေးတို်ငးဒေသကြီး သရက်ခရိုင်၊ ကံမမြို့ အမှတ်(၂)ရပ်ကွက် ဘောလုံးကွင်းပတ်လမ်းအနီး မြေကွက်လပ်၌ အောက်ဆီဂျင်စက်ရုံ အဆောက်အဦး တည်ဆောက်ရန်အတွက်
ပန္နရိုက်မင်္ဂလာ ပြုလုပ်ခြင်းကို ယနေ့နံနက် ၉ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တကောဝိဒနှင့် ဆရာတော်သံဃာတော်များက မြေသန့်မင်္ဂလာ ပြုလုပ်ပြီးနောက် အဆောက်အဦး ပန္နက်အား
ပန္နက်တင် ရိုက်ပေးတော်မူခဲ့ကြသည်။ အဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကိုထွန်းနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့် အောက်ဆီဂျင်
စက်ရုံဖြစ်မြောက်ရေး ကော်မတီဝင်များတက်ရောက်ခဲ့ကြသည်။
ကံမမြို့နယ် ပြည်သူ့ဆေးရုံတွင် တက်ရောက်ကုသနေသော လူနာများအတွက် အောက်ဆီဂျင် လုံလောက်စွာရရှိစေရန် ရည်ရွယ်၍ အောက်ဆီဂျင်စက်ရုံ ဖြစ်မြောက်ရေး ကော်မတီ
ဖွဲ့စည်းပြီး အလှူရှင်များ၏ လှူဒါန်းထည့်ဝင်ငွေများဖြင့် တည်ဆောက်မည်ဖြစ်ကြောင်း၊ အဆောက်အဦး အကျယ်အဝန်းမှာ အလျား ၃၀ ပေ နှင့် အနံ ၂၄ ပေ တည်ဆောက်သွားမည်ဖြစ်ပြီး
စက်ရုံတည်ဆောက် ပြီးစီးလည်ပတ်ပါက တစ်ရက်လျှင် ၄၀ လီတာဆံ့ အောက်ဆီဂျင်အိုး ၈၀ လုံး ထုတ်လုပ်ပေးနိုင်မည်ဖြစ်ကြောင်းအောက်ဆီဂျင်စက်ရုံ ဖြစ်မြောက်ရေး ကော်မတီထံမှ
သိရသည်။
ကျော်ဇေယျဝင်း