ညောင်ဦး ဩဂုတ် ၁၅
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နှင့်ပုဂံမြိုရှိ စူပါမားကတ်များ၊စတိုးဆိုင်များနှင့် ဈေးကြီးများအတွင်း ဆေးနှင့်ဆေးပစ္စည်း ရောင်းချသောဆိုင်များအား ညောင်ဦးမြို့ နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့နှင့်စည် ပင်သာယာရေးအဖွဲ့များပူးပေါင်း၍ ယနေ့နံနက် ၉နာရီ အချိန်မှစတင်၍ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း ညောင်ဦးမြို့နယ်စီမံအုပ်ချုပ်မှုအဖွဲ့ ဥက္ကဋ္ဌ ဦးနန်းတင့်က ပြောကြား သည်။
အဆိုပါစစ်ဆေးရေးလုပ်ငန်းများအား ညောင်ဦးမြို့နယ်စီမံအုပ်ချုပ်မှုအဖွဲ့ ဥက္ကဋ္ဌ ဦးနန်းတင့် ဦးဆောင်ကာ မြို့နယ်ရဲတပ်ဖွဲ့မှ ရဲမှူးစိုးလွင်၊ စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ခံ ဦးတင်မျိုးခိုင် ၊ညောင်ဦးခရိုင် ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာရွှေစင်ထိုက်နှင့် စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများက ဆေးနှင့်ဆေးပစ္စည်း ရောင်းချသောဆိုင်များအား ဆေးဈေးနှုန်း၊ဆေးအမျိုးအစား၊ ဆေးအရည်အသွေးမှန်၊ မမှန်၊ ဈေးနှုန်းမှန်ကန်စွာရောင်း ချနေမှု အခြေအနေများအား ကွင်းဆင်းစစ်ဆေးကြသည်။ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် ပြည်ပနိုင်ငံများမှ တင်သွင်းလာသော ဆေးနှင့်ဆေးပစ္စည်းများ ၊ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး ကျန်းမာရေး အထောက်အကူပြုပစ္စည်းများ၊ ဈေးနှုန်းမှန်ကန်စွာဖြင့် ပြည်သူများ ဝယ်ယူအသုံးပြုနိုင်ရေး ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ကိုထိန်၊KPD