ကျောင်းကုန်း ဩဂုတ် ၁၅
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ကျောင်းကုန်းမြို့နယ်ရှိ ဆေးဆိုင်များ အားဆေးဝါးများ သာမန်အချိန်ရောင်းချသည့် ဈေးနှုန်းထက် ပိုမို၍ အဆမတန်မြှင့်တင်ရောင်းချခြင်း မရှိစေ ရေးအတွက် ပူးပေါင်းအဖွဲ့က ယနေ့နံနက် ၉ နာရီ အချိန်ခန့်က လိုက်လံစစ်ဆေး ကြပ်မတ်ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါပူးပေါင်းအဖွဲ့တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးခင်မောင်သန်း ဦးဆောင်ကာမြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ကျန်းမာရေးဦးစီးဌာန၊စားသုံးရေးရာဦးစီးဌာနနှင့် စည်ပင်သာယာရေးအဖွဲ့တို့က ဆေးဝါးများ သာမန်အချိန် ရောင်းချသည့် ဈေးနှုန်းထက် ပိုမို၍ အဆမတန်မြှင့်တင်ရောင်းချခြင်း မရှိစေရေးနှင့်တစ်ပတ်အတွင်း ဖြန့်ဝေရောင်းချသည့် ပမာဏထက်ပို၍ သိုလှောင်ထားခြင်း ရှိ/မရှိ ဆေးဝါးရောင်းချသည့် ဆိုင်များအား လိုက်လံစစ်ဆေးခဲ့ကြကြောင်း သိရသည်။
ဝင်းကြိုင်