စစ်ကိုင်းတိုင်ဒေသကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ထုတ်လုပ် သော ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေးကို ပထမအကြိမ်အဖြစ် လူဦးရေ ၅၀၀၀ ဦးကို ထိုးနှံပြီးကြောင်း သိရသည်။
အဆိုပါ ကာကွယ်ဆေးများကို ရဟန်းသံဃာများ ၊ ကာကွယ်ဆေး မထိုးရသေးသည့် ဝန်ထမ်းများ ၊ ၆၅ နှစ်အထက် သက်ကြီး ဘိုးဘွားများ၊ ပုဂ္ဂလိကဘဏ်ဝန်ထမ်းများ ၊ ပုဂ္ဂလိကဆေးခန်းများမှ ဝန်ထမ်းများ ၊ စက်ရုံ ၊ အလုပ်ရုံများတွင် လုပ်ကိုင်နေသူများ၊ ဘိုးဘွာရိပ်သာမှ သက်ကြီးဘိုးဘွားများ၊ သီလရှင်များ၊ ကိုဗစ် - ၁၉ ထိန်းချုပ်ရေးတွင် လုပ်ကိုင်ဆောင်ရွက်နေသော စေတနာ့ဝန်ထမ်းများ၊ စျေးရောင်းချသူများ ကို ထိုနှံပေးပြီးကြောင်း သိရသည်။
အဆိုပါ ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံခြင်းလုပ်ငန်းကို ဝက်လက် မြို့နယ်အတွင်း စုရပ် သုံး ခုတွင် နံနက် ၈ နာရီမှ ညနေ ၃ နာရီ အထိ ၊ သြဂုတ်လ ၃ ရက်နေ့ နှင့် ၄ ရက်နေ့များတွင် လူဦးရေ ၂၀၀၀ ဦး ကိုလည်ကောင်း၊ သြဂုတ်လ ၇ ရက် ၊ ၈ ရက် ၊ ၉ ရက် နေ့မျာတွင် လူဦးရေ ၂၀၀၀ ဦးကိုလည်းကောင်း၊ သြဂုတ်လ ၁၄ ရက်နေ့တွင် လူဦးရေ ၁၀၀၀ ဦး ၊ စုစုပေါင်း လူဦးရေ ၅၀၀၀ ဦးကို ပထမအကြိမ်အဖြစ် ထိုးနှံပြီးကြောင်းကို မြို့နယ်အဆင့် ကိုဗစ် - ၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီထံမှ သိရှိရသည်။
စိုးစိုးလှိုင် (ဝက်လက်)