ကနီ ဩဂုတ်လ ၁၆ စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး မထိုးနှံရသေးသည့် အသက် (၆၅)နှစ်အထက်ရှိသူများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ဝန်ထမ်း မိသားစုများ၊ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းကို ဩဂုတ်လ ၁၃ ရက်နေ့ နံနက်ပိုင်းက စတင်၍ ယနေ့ထိဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။ ကနီမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံခြင်းကို ဩဂုတ်လ (၁၃)ရက်နေ့မှ စတင်၍ လူဦးရေ(၁၀၀၀)ဦး ထိုးနှံပေးသွားမည်ဖြစ်ရာ ဩဂုတ်လ(၁၃)ရက်နေ့မှ(၁၄)ရက်နေ့ အထိ ကနီမြို့ ကျန်းမာရေးဦးစီးဌာနအစည်းအဝေးခန်းမတွင် ထိုးနှံပေးလျက်ရှိရာ ကာကွယ်ဆေး ထိုးနှံပေးပြီးသူဦးရေ (၆၅)နှစ်နှင့်အထက် အသက်ကြီးအဘိုး အဘွား များ၊ ကျန်းမာရေးဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊ သံဃာတော်နှင့်သီလရှင် ဆရာတော်များ၊ နိုင်ငံ့ဝန်ထမ်းများ၊ ဈေးသူဈေးသားများ ၊ စုစုပေါင်း (၁၄၂)ဦး အား ကာကွယ်ဆေး ထိုးနှံပေးခဲ့ပြီး ဖြစ်ကြောင်းနှင့်ကိုဗစ်−၁၉ ကာကွယ်ဆေးထိုးရန်ကျန်ရှိနေသော(၈၅၈)ဦးအား ဩဂုတ် ၁၆ ရက် နေ့မှစ၍ ကိုဗစ် ၁၉ ရောဂါကာကွယ်ဆေးများ ဆက်လက် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရှိသည်။ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံရန်ကျန်ရှိသည့် (၈၅၈)ဦးအား ဆက်လက်ထိုးနှံ ပေးသွား မည်ဖြစ်ကြောင်းနှင့် သက်ဆိုင်ရာ မြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ကုသရေးနှင့် ကျန်းမာရေး ဦးစီး ဌာနမှဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များနှင့် မြို့နယ် ကြက်ခြေနီတပ်ဖွဲ့ဝင်တို့မှ လိုအပ်သည့်အကူအညီများ ပံ့ပိုးကူညီပေးမည်ဖြစ်ပြီး ကျန်းမာရေး ဝန်ထမ်းများမှ ကာကွယ်ဆေးထိုးနှံရန်ကျန်ရှိသူများအား ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန် ထားသော လမ်းညွှန်ချက်များနှင့်အညီ စနစ်တကျဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
ခင်ဝင်းကြည်