သတင်းများ

ရသေ့တောင်မြို့၌ ဆေးဝါးနှင့် ဆေးပစ္စည်းအရောင်းဆိုင်များအား ဆေးဝါးများပြတ်လပ်မှု မရှိစေရေးနှင့် စျေးနှုန်းမှန်ကန်စွာရောင်းချနိုင်ရေး ကွင်းဆင်းစစ်ဆေး
Aug 16,2021
ရခိုင်ပြည်နယ် ရသေ့တောင်မြို့၌ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေသည့်ကာလ စျေးကွက်အတွင်း ကူးစက်ရောဂါ ကာကွယ်၊ ကုသ‌ရေး ဆေးဝါးနှင့် ဆေးပစ္စည်းများ၊ အထောက်အကူပြု ပစ္စည်းများ ပြတ်လပ်မှုမရှိ‌စေရေးနှင့် စျေးနှုန်းမှန်ကန်စွာဖြင့် ရောင်းချနိုင်ရေးအတွက် ဆေးဝါးနှင့် ဆေးပစ္စည်း အရောင်းဆိုင်များကို ယနေ့ နံက် ၈ နာရီက ဆေးဝါးနှင့် ဆေးပစ္စည်းများ စျေးကွက်စောင့်ကြည့် စစ်ဆေးကြပ်မတ်ရေးအဖွဲ့မှ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
သာစည်မြို့နယ်တွင် သာစည်-ညောင်ရမ်း ကတ္တရာခင်းခြင်းလုပ်ငန်း ဆောက်ရွက်နေမှု ကွင်းဆင်းကြည့်ရှုစစ်ဆေး
Aug 16,2021
မန္တလေးတိုင်းဒေသကြီး၊ သာစည် မြို့နယ်တွင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ၏ ဒေသထွက်ကုန်များ သယ်ယူပို့ဆောင်ရာတွင် အဆင်ပြေစေရန်အတွက် နှစ်စဉ်ဘဏ္ဍာရေးနှစ်အလိုက် လမ်းများအဆင့်မြှင့်တင်ခြင်း၊ ရေကျော်တည်ဆောက်ခြင်းများနှင့် တံတားတည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ တိုင်းဒေသကြီး ငွေလုံးငွေရင်း ( ၁၇၉.၉၆ ) ကျပ်သန်းဖြင့် ကတ္တရာလမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို မြို့နယ်တည်ဆောက်ရေးကော်မတီမှ ကွင်းဆင်းစစ်‌ဆေးခဲ့ကြောင်း သိရသည်။
ကဝမြို့နယ်တွင် ခမဲပြင်သဘာဝရေပြင်အတွင်းသို့ ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနား ကျင်းပ
Aug 16,2021
ပဲခူးတိုင်းဒေသကြီး ၊ ပဲခူးခရိုင်၊ ကဝမြို့နယ်ခမဲပြင်သဘာဝရေပြင်၌ ယနေ့နံနက် ၉ နာရီတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ငါးလုပ်ငန်းဦးစီးဌာနမှ ငါးသယံဇာတများ ရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေပြီး ဒေသခံပြည်သူများ ငါးရိက္ခာဖူလုံစေရန်နှင့် ငါးမျိုးဖြုန်းတီးမှု မရှိစေရန် ရည်ရွယ်၍ ခမဲပြင်ကျေးရွာ သဘာဝရေပြင်အတွင်း ငါးမျိုးစိုက်ထည့်ခြင်းအခမ်းအနားကို ကိုဗစ်- ၁၉ဆိုင်ရာ စည်းကမ်း ချက်များ နှင့်အညီကျင်းပသည်။
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ မိုးကုတ်မြို့နယ် သဘာဝဘေးသင့်အိမ်ထောင်စုဝင်များအား ထောက်ပံ့ငွေပေးအပ်
Aug 16,2021
မိုးကုတ်မြို့နယ်တွင် သြဂုတ်လ (၁၂)ရက်၊(၁၃)ရက်များတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြေပြိုကျကာနေအိမ်၊ ဘုန်းကြီးကျောင်းနှင့်စာသင်ကျောင်း အချို့သဘာဝဘေးသင့်ခဲ့ပြီး အမျိုးသမီး(၃)ဦး၊ ကလေးငယ် (၁)ဦး၊ စုစုပေါင်း(၄ )ဦး အသက်ဆုံးရှုံးခဲ့သည်။
သာယာဝတီခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ လက်ပံတန်းမြို့နယ်ပြည်သူ့ဆေးရုံတွင် Oxygen Plant စက်ထားရန် အဆောက်အဦ ပြီးစီးမှုအခြေအနေများအား ကြည့်ရှုစစ်ဆေး
Aug 16,2021
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအေးလူနှင့်အဖွဲ့ဝင်(၂)ဦးမြင့်သူ တို့သည် ယနေ့နံနက် ၉နာရီက လက်ပံတန်းမြို့နယ်ပြည်သူ့ဆေးရုံတွင် Oxygen Plant စက်ထားရန် အဆောက်အဦ ဆောက်လုပ်ပြီးစီးမှုအခြေအနေများအား လာရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။
ဆားလင်းကြီးမြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေး(Sinophram) တတိယနေ့ ဆက်လက် ထိုးနှံပေး
Aug 16,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်တွင် လတ်တလော အသက်ရှု လမ်းကြောင်းဆိုင်ရာ ကူးစက်မြန် ကိုဗစ်-၁၉ကာကွယ်ဆေး(Sinophram)ထိုးနှံပေးခြင်းကို ဩဂုတ် (၁၄)ရက်နေ့မှစတင်၍ ဦးစားပေးအုပ်စုအလိုက် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိ သူများအား သတ်မှတ်စုရပ်နေရာများတွင် ဆက်လက်ထိုးနှံပေးလျက်ရှိရာ တတိယနေ့အဖြစ် ယနေ့နက် ၉ နာရီ အချိန်က စတင်ကာ စက်ရုံအလုပ်ရုံဝန်ထမ်းများများ၊ နိုင်ငံ့ဝန်ထမ်းနှင့် ဝန်ထမ်း မိသားစုများအား ကာကွယ်ဆေးဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
တာမွေမြို့နယ်တွင် အသက်(၆၅)နှစ်နှင့်အထက် အဘိုးအဘွားများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိ
Aug 16,2021
ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါဖြစ်ပွားမှုနှင့် ရောဂါကြောင့် သေဆုံးမှုကို လျှော့ချရန်၊ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုကို တားဆီးရန်၊ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုကြောင့် နိုင်ငံ့စီးပွားရေး ထိခိုက်မှုကို လျှော့ချနိုင်ရန် ရည်ရွယ်၍ ယနေ့နံနက်ပိုင်းအချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဦးဆောင်မှုဖြင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက မြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံရန် ကျန်ရှိနေသေးသည့် အသက်(၆၅)နှစ်နှင့်အထက် အဘိုးအဘွားများကို တာမွေမြို့နယ်ရှိ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းနှင့် အမှတ်(၃) အခြေခံ ပညာ အထက်တန်းကျောင်းတို့တွင် နှစ်နေရာခွဲ၍ Sinopharm အမျိုးအစား ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးများကို ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ (ဒုတိယအပတ်)အဖြစ် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ် ကြီးအုံကြီးဝတမံ ရေပိုလွှဲမှ ရေကျော်နေမှု ဆက်လက်ကျဆင်းလျက်ရှိ
Aug 16,2021
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများ စိုက်ပျိုးရေအတွက် အဓိက မှီခိုအားထားရသည့် ကြီးအုံကြီးဝတမံ သည် ဩဂုတ် ၁၆ ရက် ၊ ယနေ့ နံနက် ၆ နာရီအချိန် တိုင်းထွာအချက်အရ တမံရေပြည့်မှတ်ဖြစ်သည့် ၃၄၀ ပေ အထက် ရေပိုလွှဲမှ ရေကျော်နေမှု ဆက်လက်ကျဆင်းလျက်ရှိကြောင်း အဆိုပါ ကြီးအုံကြီးဝတမံမှ တာဝန်ခံ(AE) ဦးစိုးတင့်ထံက သိရသည်။