မြဝတီ သြဂုတ် ၁၆
ထိုင်းနိုင်ငံတွင် ရောက်ရှိနေပြီး နေရပ်ပြန်လိုသည့် မြန်မာနိုင်ငံသားများအား မြဝတီမြို့ မြန်မာထိုင်း အမှတ်(၂) ချစ်ကြည်ရေး တံတားမှတစ်ဆင့် ပြန်လည် ကြိုဆိုလက်ခံခြင်းကို ၂၀၂၁ ခုနှစ် သြဂုတ်၁ရက်မှ စတင်ဆောင်ရွက်ပေး လျက်ရှိရာ သြဂုတ် ၁၅ တွင် ၂၀၆ ဦး ဆက်လက် ဝင်ရောက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ထိုင်းနိုင်ငံမှ ပြန်လည်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများအား မြဝတီခရိုင် ဒုတိယ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင် ချမ်းငြိမ်းနှင့် တာဝန်ရှိ သူများက ကြိုဆိုအားပေးကြပြီး သက်ဆိုင်ရာဌာနဆိုင်ရာ ဝန်ထမ်းများနှင့် တာဝန်ရှိသူများက ကိုဗစ်- ၁၉ ရောဂါဆိုင်ရာများအား အသိပညာပေးခြင်း၊ ပြန်လည်ဝင်ရောက်လာသူများ၏ အချက်အလက်များ ကောက်ယူခြင်း၊ ကျန်းမာရေးဌာနမှ ကိုဗစ်- ၁၉ ရောဂါပိုး ရှိ/မရှိ စစ်ဆေး ဆောင်ရွက်ပေး ခြင်းနှင့် သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်များသို့ ပြန်လည်ပို့ဆောင် ပေးခြင်းများကို ဆောင်ရွက်ပေးသည်။
ထိုသို့ ထိုင်းနိုင်ငံမှ ပြန်လာသူများမှ မြဝတီခရိုင်နှင့် ကော့ကရိတ်ခရိုင်မှ နေရပ်ပြန်များအား ကိုဗစ်- ၁၉ ရောဂါပိုး ရှိ/မရှိ ချက်ချင်းစစ်ဆေးပေးမည် ဖြစ်ကာ ရောဂါပိုးရှိသူများအားမြဝတီမြို့ မဲကနယ် ကိုဗစ်စင်တာတွင် ကုသမှု ခံယူစေမည်ဖြစ်ပြီး ရောဂါပိုးမရှိသူများအား ကျောက်လုံးကြီး ကိုဗစ်-၁၉ စင်တာ တွင် ၁၀ ရက် ကန့်သတ်ထားမည် ဖြစ်ကြောင်း သိရသည်။
အခြားသက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်များမှ နေရပ် ပြန်အား သီးသန့် မော်တော်ယာဉ်များဖြင့် သက်ဆိုင်ရာ နေရပ် များသို့ ပို့ဆောင်ပေးမည်ဖြစ်ပြီး ရောဂါစစ်ဆေးခြင်းနှင့် ကန့်သတ်စောင့်ကြည့် ခြင်းတို့အား သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ် အစီအစဉ်များဖြင့် ဆောင်ရွက်သွားမည် ဖြစ်သည် ယနေ့ ထိုင်းနိုင်ငံမှ ပြန်လည်ဝင်ရောက်လာသူများ အနေ ဖြင့် တိုင်းဒေသကြီး၊ ပြည်နယ် အသီးသီးမှ အမျိုးသား ၁၀၅ ဦး၊ အမျိုးသမီး ၁၀၁ ဦး စုစုပေါင်း ၂၀၆ ဦးရှိကြောင်း သိရသည်။
ထိန်လင်းအောင်