ITEM ပရဟိတလူငယ်အသင်းမှ အမှန်တကယ် အောက်ဆီဂျင်လိုအပ်သည့် ပြည်သူများအတွက် အောက်ဆီဂျင် များ အခမဲ့ဆက်လက် ငှားရမ်းပေးမည်

ရန်ကုန် ဩဂုတ် ၁၆

 

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ်အတွင်းရှိ ITEM ပရဟိတလူငယ်အသင်းမှ အမှန်တကယ် အောက်ဆီဂျင်လိုအပ်သည့် ပြည်သူများအတွက် အခမဲ့ ငှားရမ်းပေးလျက်ရှိရာ ယနေ့တွင်လည်း ထပ်မံရောက်ရှိလျက်ရှိသော အောက်ဆီဂျင်အိုးနှင့် အရည်များကို မှတ်ပုံတင်မူရင်းနှင့်တကွ 20liter အိုး နှင့် 30 liter အိုးတစ်လုံးလျှင် (၂)သိန်းကျပ်နှုန်း ၊ 40 liter အိုးတစ်လုံးလျှင် (၃)သိန်းကျပ်နှုန်း Deposit (စရံငွေ)  ယူ၍ ထပ်မံငှားရမ်းပေးမည်ဖြစ်ပြီး အောက်စီဂျင်အရည်လိုအပ်ပါကလည်း အခမဲ့ ဖြည့်သွင်းပေးကာ အောက်ဆီဂျင် အိုးများ ပြန်လည်အပ်နှံပါက မိမိတို့တင်ရှိထားသည့် Deposit (စရံငွေ) များကို ပြည်သူများထံ ပြန်လည် ပေးအပ် မည်ဖြစ်ကြောင်းလည်း သိရှိရသည်။

 

ထို့ပြင် Deposit (စရံငွေ) တင်ရန် အခက်အခဲရှိသော ပြည်သူများအနေဖြင့်လည်း မှတ်ပုံတင် မူရင်း၊ သန်းခေါင်စာရင်းမူရင်း သို့မဟုတ် ကားလိုင်စင်များပေးအပ်၍ ငှားရမ်းနိုင်မည်ဖြစ်ပြီး ထိုသို့ ငှားရမ်းသူများ ကိုယ်လည်း အိမ်တိုင်ရာရောက် လိုက်လံပို့ဆောင်ပေးသွားမည် ဖြစ်ကြောင်းလည်း သိရှိရသည်။

 

ထို့ပြင် အောက်ဆီဂျင်ငှားရမ်းသူများအနေဖြင့်လည်း အခက်အခဲမရှိနိုင်စေရေးအတွက် Hotline ဖုန်းနံပါတ်များ ဖြစ်သော 09 777060909၊ 09952454444၊ 09952484444၊ 09951674444၊ 09669999585၊ 09669999586၊ 0 9669999587၊ 09669999588၊ 09669999589 တို့ကို ဆက်သွယ်၍ (၂၄) နာရီလုံး အောက်စီဂျင် အရည်+အိုး+Flow Meter များကိုငှားရမ်းနိုင်မည်ဖြစ်ကြောင်းလည်း ITEM ပရဟိတ လူငယ်များအသင်း ဥက္ကဋ္ဌ ဦးရဲစည်သူထက် ထံမှ သတင်းရရှိသည်။

 

စန္ဒာမိုး(ပြန်/ဆက်)