ပုလော သြဂုတ်လ ၁၆
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်တွင် ကိုဗစ်−၁၉ ကာလအတွင်း ဒေသတွင်း မွေးမြူခြင်းကြောင့် အသား(ဥ)များ ပြတ်လပ်မှုမရှိဘဲ ဖူလုံမှုရှိကြောင်း မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ သိရသည်။
ပုလောမြို့နယ်၌ မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူ(၁၀၀)ကျော်ရှိပြီး၊ နေ့စဉ် ကြက်ကောင်ရေ (၃၅၀၀၀)၊ ဘဲကောင်ရေ (၂၀၀၀၀)ကျော် ရှိကြောင်း၊ နေ့စဉ် ဥ ရရှိမှု အနေဖြင့် ကြက် ဥ (၁၅၀၀၀) ၊ဘဲ ဥ (၈၀၀၀) လုံးရရှိပြီး၊ ကိုဗစ်−၁၉ ကာလတွင် ကြက်စာစျေးနှုန်း မြှင့်တင့်မှုများကြောင့် ကြက်ဥ /ဘဲဥ စျေးနှုန်း အနည်းငယ်မြှင့်တင် သော်လည်း ဒေသတွင်း အသား(ဥ)များ ဖူလုံလျက်ရှိကြောင်းကို မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါက်တာ ဘုန်းကျော်က ပြောကြားခဲ့သည်။
ဒေသတွင်း မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူများ အနေဖြင့် နေ့စဉ်ရရှိသည့် ကြက်ဥ /ဘဲဥနှင့် အသားများကို မြို့နယ်အတွင်း ဖြန့်ဝေရောင်းချမှုများဖြင့် ဖူလုံမှုရှိကြောင်းနှင့် ဝက်၊ ကျွဲနှင့် နွားများကိုတော့ မြိတ်မြို့သို့ တင်ပို့ ရောင်းချကြောင်းကို မွေးမြူရေး လုပ်ကိုင်သူ တစ်ဦးထံမှ သိရသည်။
အေးအေးမော်