တာချီလိတ် ဩဂုတ် ၁၆
ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်မြို့နယ်တွင် ကိုဗစ် (၁၉)ရောဂါ ဖြစ်ပွားနေသည့်ကာလ ဘုန်းကြီး ကျောင်းများ၌ ဝါတွင်းကာလ သီတင်းသုံးနေထိုင်ကြသော ဝါဆိုသံဃာတော်များနှင့် အခြေခံလူတန်းစား ပြည်သူများအတွက် အလှူရှင်များက အခြေခံစားသောက်ကုန်များကို ခရိုင်စုပေါင်းရုံးသို့ ယမန်နေ့ နံနက် ၁၀ နာရီခန့်က လာရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။
ထိုသို့ လှူဒါန်းရာ၌ ဝါတွင်းကာလဘုန်းကြီး ကျောင်းများတွင် သီးတင်သုံးနေထိုင်ကြသည့် ဝါဆို သံဃာတော် များအတွက် ငွေကျပ်သိန်း ၁၀၀ ခန့် တန်ဖိုးရှိ ဆန်အိတ်(၁၀၀)၊ ဆီ(၁၂၀၀)ဗူး၊အချိုမှုန့်(၃၀)ဖာနှင့် ဦးအားဟောင် မိသားစုမှ ထိုင်းဘတ် ၂၅,၅၈၀တန်ဖိုးရှိ ဆန်အိတ်(၂၀)၊ ဆီ(၁၀)ဖာ ၊ ဦးအားဖင်နှင့် ဦးလောက်စု တို့မှ လိုအပ်သောနေရာတွင်အသုံးပြုနိုင်ရန် ပါးစပ်နှာခေါင်းစည်း Mask(၁၀၀၀)ခုနှင့်ထိုင်းဘတ်ငွေ ငါးသောင်း၊ အခြေခံလူတန်းစား ပြည်သူများအတွက် အခြေခံစားကုန်များ ဝယ်ယူထောက်ပံ့နိုင်ရန် ဦးဟော်ကျားချို က ထိုင်းဘတ် ငါးသောင်း၊ လိရှန်ဂျီထောင်ကုမ္ပဏီလိမိတက်မှ ထောက်ပံငွေ ထိုင်းဘတ် ငါးသောင်းနှင့် IDD စီးပွားရေးလုပ်ငန်းကုမ္ပဏီမှ ထိုင်းဘတ် ငါးသောင်းတို့ကို လာရောက်လှူဒါန်းခဲ့ကြရာ ခရိုင်ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်နိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးတင်ဦးကျော်နှင့် အဖွဲ့ဝင်များက လက်ခံယူပြီး ဂုဏ်ပြု မှတ်တမ်းလွှာများ ပြန်လည် ပေးအပ်ခဲ့သည်။
တာချီလိတ်မြို့နယ်တွင် ဘုန်းကြီးကျောင်း(၂၄၅) ကျောင်းရှိပြီး ဝါဆို သံဃာတော် သုံးထောင်ကျော်ရှိကြောင်း နှင့်ဩဂုတ်လ ၁၆ ရက်နေ့မှစ၍ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးရုံးများမှတစ်ဆင့် ပေးဝေ လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရှိရသည်။
ယာဆေး