ကသာမြို့ရှိ မဟာစည်သာသနာ့ရိပ်သာနှင့် တောင်ပေါ်ကျောင်းများသို့ ဆွမ်းဆန်တော်၊ ဆီနှင့် ပဲများ ထောက်ပံ့လှူဒါန်း

                                                                                           

ကသာ ဩဂုတ်  ၁၆

မြန်မာနိုင်ငံတစ်ဝှမ်း ဖြစ်ပွားနေသည့် ကိုဗစ်-၁၉ရောဂါကြောင့် တိုင်းဒေသကြီး/ ပြည်နယ်များအလိုက် သီတင်းသုံးနေထိုင်တော်မူကြသော ရဟန်းသံဃာတော်များ၊ သီလရှင်များအနေဖြင့် ဆွမ်း၊ ကွမ်း ခက်ခဲမှုမရှိစေရေးအတွက် နယ်စပ်ရေးရာဝန်ကြီးဌာနမှ ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင် ကျောင်းများသို့ ဆွမ်းဆန်တော်၊ ဆီနှင့် ပဲများကို ထောက်ပံ့လှူဒါန်းပေးလျက်ရှိရာ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ကသာခရိုင်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှလည်း ကသာမြို့ရှိ မဟာစည်သာသနာ့ရိပ်သာနှင့် တောင်ပေါ်ကျောင်းများသို့ ဩဂုတ်လ(၁၆)ရက်နေ့၊ နံနက်ပိုင်းက ဆွမ်းဆန်တော်၊ ဆီနှင့် ပဲများကို သွားရောက်ထောက်ပံ့လှူဒါန်းခဲ့ကြောင်း သိရသည်။

ထိုသို့လှူဒါန်းရာတွင် ကသာမြို့ရှိ မဟာစည်သာသနာ့ရိပ်သာနှင့် တောင်ပေါ်ကျောင်းမှ ဆရာတော်ကြီး များအား ကသာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းကျော်ကျော်၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ကသာခရိုင်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ဒုတိယ ညွှန်ကြားရေးမှူး ဦးသိန်းဌေးအောင်၊ ခရိုင်သာသနာရေးဦးစီးမှူးနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌတို့က ဆွမ်းဆန်တော်၊ ဆီနှင့် ပဲများကို အသီးသီးဆက်ကပ်လှူဒါန်းခဲ့ပြီး နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုး များ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ကသာခရိုင်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ မဟာစည် သာသနာ့ရိပ်သာ အတွက်  ဆန်(၁၀)အိတ်၊ ဆီ(၈.၀၀)ပိဿာနှင့် ပဲ(၁၆.၀၀)ပိဿာ၊ တောင်ပေါ်ကျောင်း အတွက် ဆန်(၁၂)အိတ်၊ ဆီ(၂၃.၅၀)ပိဿာနှင့် ပဲ(၄၇.၀၀)ပိဿာတို့ကို ထောက်ပံ့လှူဒါန်းခဲ့ကြောင်း၊ ထို့အပြင် အဆိုပါဘုန်းတော်ကြီးကျောင်းများအား ကိုဗစ်-၁၉ရောဂါကာကွယ်ရေးပစ္စည်းများဖြစ်သည့် နှာခေါင်းစည်း (Mask) နှင့် ဆေးဘူးများကိုလည်း ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။