ကိုဗစ်-၁၉ရောဂါကြောင့် ကျန်းမာရေးစောင့်ရှောက်မှုခံယူနေသူများအတွက် တနင်္သာရီတိုင်းဒေသကြီး ဆောက်လုပ်ရေး လုပ်ငန်းရှင်များအသင်းမှ Immurich ဆေးဝါးများထောက်ပံ့ပေးအပ်

ရေဖြူ      ဩဂုတ်       ၁၆

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်ရှိ ကိုဗစ်-၁၉ ရောဂါကြောင့် ကျန်းမာရေး စောင့်ရှောက် မှုခံယူနေသူများအတွက် တနင်္သာရီတိုင်းဒေသကြီးဆောက်လုပ်ရေး လုပ်ငန်းရှင်များအသင်းမှ Immurich  ဆေးဝါးများထောက်ပံ့ပေးအပ်ခြင်းကို  ယမန်​နေ့၊   နံနက် ၁၀နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ အောင်သာဝတီအစည်းအဝေးခန်းမ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မြို့အုပ်ချုပ်ရေးမှူး  ဦးမိုးဆန်းထွန်းက အဖွင့်အမှာ စကား ပြောကြားခဲ့ပြီး တနင်္သာရီတိုင်းဒေသကြီး၊ ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်း‌ အထွေအထွေ အတွင်းရေးမှူး   ဦးမောင်မောင်ခိုင်က  ထောက်ပံ့လှူဒါန်းရခြင်း၏ရည်ရွက်ချက်ကို ရှင်းလင်းပြောကြား ခဲ့သည်။

ဆက်လက်၍ ရေဖြူမြို့နယ်အတွင်းရှိ  ကိုဗစ်-၁၉ အတည်ပြု လူနာများအတွက်  Immurich  ဆေးဝါးများကို  တနင်္သာရီတိုင်းဒေသကြီး ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်း၊ အထွေထွေအတွင်းရေးမှူး  ဦးမောင်မောင်ခိုင် က  ပေးအပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး  ဦးမိုးဆန်းထွန်း နှင့် မြို့နယ် ဆရာဝန်ကြီးဒေါက်တာကျော်မိုးမြင့်က လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည် ပေးအပ်ခြင်းခဲ့သည်။ ထို့​နောက်  ​ဆေးဝါးများ လှူဒါန်းခြင်းနှင့် ပက်သက်၍ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ မြို့နယ် အုပ်ချုပ်ရေးမှူးဦးမိုးဆန်းထွန်းကကျေးဇူးတင် စကားပြော ပြန်လည်ပြောကြားခဲ့သည်။

လှူဒါန်းပွဲသို့  မြို့နယ်အဆင့်ဌာနဆိုင်ရာများတက်​ရောက်ခဲ့ပြီး အဆိုပါ ဆေးဝါးများကို ရေဖြူမြို့နယ်၊ ‌ကံပေါက ်ဒေသအတွက် ဩဂုတ်လ(၁၇)ရက်နေ့တွင် လှူဒါန်းပေးသွား မည်ဖြစ်ကြောင်းသိရသည်။

ဖြူဖြူရှိန်