သတင်းများ

တောင်ငူမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံခြင်းများ ဆက်လက်ထိုးနှံပေး
Aug 16,2021
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် တောင်ငူမြို့နယ်တွင် ယနေ့ နံနက် ၉ နာရီမှ စတင်၍ ဦးတည်အုပ်စုများ အဖြစ် စက်ရုံ၊ အလုပ်ရုံများမှ ဝန်ထမ်းများနှင့် ဈေးသူ/ဈေးသားများ၊ ဈေးသည်များအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ဆေးထိုးစုရပ် နေရာ လေးနေရာ၌ တစ်ပြိုင်တည်း ထိုးနှံပေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
ထားဝယ်မြို့အတွင်း Quarantine Center အသီးသီးတွင် တာဝန်ထမ်းဆောင်ကြမည့် လူမှုရေးအဖွဲ့အစည်းများ နှင့်Volunteer များအား လုပ်ငန်းများ ထိရောက်အောင်မြင်စွာ ဆောင်ရွက်နိုင်ရေး သင်တန်းဖွင့်လှစ်
Aug 16,2021
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့အတွင်း၊ ကိုဗစ် -၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် စေတနာ့ဝန်ထမ်း တာဝန်ထမ်းဆောင်လျက်ရှိသည့် လူမှုရေးအဖွဲ့အစည်းများနှင့် Quarantine Centre အသီးသီးတွင် တာဝန်ထမ်းဆောင်ကြမည့် လူငယ် Vilunteer များအား လုပ်ငန်းများ ပိုမြိုထိရောက်အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန် ကြီးကြပ်မှု နှင့်အတူ တိုင်းဒေသကြီး လူမှူဝန်ထမ်းဦးစီးဌာနက ဖွင့်လှစ်သည့် ကျန်းမာရေးဆိုင်ရာ လုပ်ငန်းများ အထောက်အကူပြု သင်တန်း ကို ယနေ့နံနက် ၉ နာရီအချိန်က ထားဝယ်မြို့ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ရာ တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်၊ လူမှုရေးရာဝန်ကြီး ဦးယဉ်ထွေး၊သက်ဆိုင်ရာ တိုင်းဒေသကြီးအဆင့်ဌာန များမှ သင်တန်း နည်းပြများ၊ သင်တန်းသား သင်တန်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။
ကြံခင်းမြို့နယ်အတွင်းရှိ အာမခံအလုပ်သမားများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုနှံပေး
Aug 16,2021
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် ကြံခင်းမြို့နယ်အတွင်းရှိ လူမှုဖူလုံရေး အကြုံဝင်မှတ်ပုံတင်ထားသောစက်ရုံ/အလုပ်ရုံလုပ်ငန်းဌာနခွဲမှ အာမခံအလုပ်သမားများအား ယနေ့နံနက်(၈)နာရီအချိန်က ရွှေပြည်အေး(၁၁)ထပ်ဘုရားကြီးတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ ရမ်းဗြဲမြို့နယ်မှအရပ်ဖက်ပရဟိတအဖွဲ့၏ အောက်ဆီဂျင်စက်ရုံ တည်ဆောက်နေမှုနှင့် ပတ်သက်၍ တွေ့ဆုံမေးမြန်းမှု
Aug 16,2021
ဦးခင်ရီ အောက်ဆီဂျင်စက်ရုံတည်ဆောက်ရေးဦးဆောင်ကော်မတီအဖွဲ့ဝင် ဟုတ်ကဲ့၊ ကျွန်တော်နာမည် ဦးခင်ရီ လို့ခေါ်ပါတယ်၊ ရမ်းဗြဲမြို့နယ်၊ အရပ်ဖက်ပရဟိတအဖွဲ့၊ အောက်ဆီဂျင်စက်ရုံ တည်ဆောက်ရေး ဦးဆောင်ကော်မတီအဖွဲ့ဝင် တစ်ဦးလည်းဖြစ်ပါတယ်။
မြောင်းမြမြို့ အောက်ဆီဂျင်စက်ရုံတည်ဆောက်နေမှုအား ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ ကြည့်ရှုစစ်ဆေး
Aug 16,2021
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်တွင် ကိုဗစ်−၁၉ ရောဂါပိုးတွေ့ အတည်ပြုလူနာများနှင့် အခြားသော နာမကျန်းလူနာများအတွက် အောက်ဆီဂျင် လိုအပ်ချက် အခက်အခဲ မဖြစ်ပေါ်စေရေးအတွက် ခရိုင်/မြို့နယ် ကိုဗစ်−၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် မြို့မိမြို့ဖများပူးပေါင်း၍ မြကန်သာရပ်ကွက်ရှိ အဝေးပြေးကားဂိတ်နောက်တွင် အောက်ဆီဂျင်စက်ရုံ တည်ဆောက်နေမှုအား ယနေ့နံနက်(၉)နာရီ က ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
မိတ္ထီလာမြို့တွင် အသက် ၆၅နှစ်နှင့်အထက် ရှိသူများအား ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးခြင်း ဆက်လက်ဆောင်ရွက်
Aug 16,2021
မိတ္ထီလာမြို့တွင် အသက် ၆၅ နှစ်နှင့်အထက်ရှိသူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး ပထမအကြိမ် တတိယအသုတ် ထိုးနှံပေးခြင်းအစီအစဉ်ကို ယနေ့ နေရာ ၅ နေရာခွဲ၍ ဆက်လက်ဆောင်ရွက်ကြောင်းသိရသည်။
ကြို့ပင်ကောက်မြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိ
Aug 16,2021
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို ဦးစား ပေးအုပ်စုများအလိုက် ထိုးနှံပေးလျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက အရှေ့ဘက် မဟာလောကသီရိ ဘုရားကြီး တွင် ကာကွယ်ဆေးထိုးရန်ကျန်ရှိနေသော စက်ရုံအလုပ်ရုံများတွင် အလုပ်လုပ်နေသူများအား နံနက် ၉ နာရီမှ စ၍ ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။ ခ
တကောင်းမြို့တွင် အသက်(၆၅)နှစ်နှင့်အထက် အဘိုးအဘွားများနှင့် စေတနာ့ဝန်ထမ်းများ၊ ရဟန်း သံဃာတော်များ၊ သီလရှင်များနှင့် ဆေးထိုးရန် ကျန်ရှိဝန်ထမ်းများအား ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေး
Aug 16,2021
မန္တလေးတိုင်းဒေကြီး၊ ပြင်ဦးလွင်ခရိုင်၊ တကောင်းမြို့ရှိ အသက်(၆၅)နှစ်နှင့်အထက် အဘိုးအဘွားများ၊ စေတနာ့ဝန်ထမ်းများ၊ ရဟန်းသံဃာတော်များ၊ သီလရှင်များနှင့် ဆေးထိုးရန်ကျန်ရှိဝန်ထမ်းများအား အမှတ်(၁)ရပ်ကွက်ရှိ သီရိဇေယျာခန်းမ၌ ၂၀၂၁ ခုနှစ် ဩဂုတ်လ ၁ ရက်နေ့မှ စ၍ ယနေ့ထိ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမ အကြိမ် ဆက်လက်ထိုးနှံပေးလျက် ရှိကြောင်း သိရသည်။