လှိုင်းဘွဲ ဩဂုတ် ၁၆
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ် အုပ်ချုပ်ရေးမှူးမှ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး လုပ်ငန်းများနှင့် ကယ်ဆယ်ရေး လုပ်ငန်း များတွင် ပါဝင်ဆောင်ရွက်နေသော မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေး အသင်း၊ ကြက်ခြေနီ အသင်းနှင့် မြို့နယ် မီးသတ်ဦးစီးဌာန တပ်ဖွဲ့ဝင်များအနေဖြင့် သွားလာရေးနှင့် စားသောက်ရေး အဆင်ပြေစေရန်အတွက် ထောက်ပံ့ငွေများ ဒုတိယအကြိမ် ထပ်မံ ပေးအပ်ခြင်းကို ယမန်နေ့နေ့လယ်ပိုင်းက ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါထောက်ပံ့ငွေများကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းသန်းက ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကားဆီဖိုးနှင့် စားသောက် ရေး အဆင်ပြေစေရန်အတွက် ပထမအကြိမ်တွင် မြန်မာနိုင်ငံ လူမှု ကယ်ဆယ်ရေးအသင်း၊ မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် မြို့နယ် မီးသတ်ဦးစီးဌာန အတွက် ငွေကျပ်(၅)သိန်းစီ ထောက်ပံ့ ပေးအပ်ခဲ့ပြီး ဒုတိယအကြိမ်အဖြစ် မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအသင်း အတွက် ငွေကျပ်(၂၀)သိန်း၊ မြန်မာနိုင်ငံကြက်ခြေနီ အသင်း အတွက် ငွေကျပ်(၁၀)သိန်း၊ မြို့နယ်မီးသတ် ဦးစီးဌာနအတွက် ငွေကျပ်(၁၀) သိန်း တို့ကို တာဝန်ရှိသူများထံ အသီးသီး ထပ်မံပေးအပ်ခဲ့ကြောင်း သိရှိရသည်။
မြို့နယ် (ပြန်/ဆက်)