မွန်ပြည်နယ်ဝန်ကြီးချုပ် မော်လမြိုင်တက္ကသိုလ် (၁၀) မြို့နယ်ဆောင် Quarantine Centre တွင် ရွေ့လျားကွန်ပျူတာသုံး ဓါတ်မှန်စက် ပြင်ဆင်ထားမှုကြည့်ရှုစစ်ဆေး
Aug 16,2021
မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ကိုကိုမောင်၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ယနေ့နံနက် ၉ နာရီက မော်လမြိုင် တက္ကသိုလ် (၁၀) မြို့နယ်ဆောင် Quarantine Centre ရှိ ဘားအံဆောင်တွင် ကိုဗစ်-၁၉ လူနာများအား ရောဂါအဆင့်သတ်မှတ်ရာ၌ မရှိမဖြစ်လိုအပ်သည့် ရွေ့လျား ကွန်ပျူတာသုံး ဓါတ်မှန်စက် ပြင်ဆင်ဆောင်ရွက်ထားရှိမှုအား ကြည့်ရှုစစ်ဆေးပြီး ၄င်းဓါတ်မှန်စက်ဖြင့် ပိုးတွေ့လူနာများကို အချိန်တိုအတွင်း ရောဂါအဆင့် သတ်မှတ် နိုင်မည်ဖြစ်သည့် အတွက် ကိုဗစ်-၁၉ ကာကွယ်၊ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အထူးထိရောက်မှု ရှိစေမှာဖြစ်ကြောင်း၊ တာဝန်ရှိသူများအနေဖြင့်လည်း ကြပ်မတ်ဆောင်ရွက် ပေး ကြရန်နှင့် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန် မှာကြားသည်။