ကျောက်ဖြူ ဩဂုတ် ၁၆
ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင် ကုတင် ၂၀၀ဆံ့ ပြည်သူ့ဆေးရုံကြီးရှိ အထူးကြပ်မတ်ကုသဆောင်တွင် ကိုဗစ်-၁၉ ရောဂါဖြင့် တက်ရောက် ဆေးကုသမှုခံယူနေသူများအနက် ရောဂါသက်သာ ပျောက်ကင်း သူ ၄ ဦး အား ယနေ့၊ နံနက်ပိုင်းက ဆေးရုံမှဆင်းခွင့်ပြုခဲ့ပြီး ဆေးရုံဆင်းခွင့်ရရှိသူ စုစုပေါင်း ၃၁၃ ဦးရှိ ကြောင်း ခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက သိရှိရသည်။
ကျောက်ဖြူခရိုင်ပြည်သူ့ဆေးရုံကြီးရှိ Fever Corn ဇင်ချောင်း၊ စနဲ တိုက်နယ်ဆေးရုံများသို့ ဖျားနာ၊ ချောင်းဆိုး၊ အသက်ရှုကြပ် စသည့် ကိုဗစ်-၁၉ သံသယရောဂါလက္ခဏာဖြင့် လာရောက်ပြသသူများ၊ ရောဂါ ကူးစက်ခံရသူတို့နှင့်ထိတွေ့ ဆက်စပ်သူများနှင့် Stay at Home ဒေသများမှပြန်လည်ရောက်ရှိ လာသူ များအား Quarantine Cnter ထားရှိပြီး (RDT) Test Kit ဖြင့်စစ်ဆေးခဲ့ရာ ကိုဗစ်-၁၉ ရောဂါတွေ့ ရှိသူ ၈ ဦးတွေ့ရှိခဲ့သည်။ ၎င်းတို့မှာ စေတီယျရပ်ကွက် အမျိုးသမီးတစ်ဦး၊ ချောင်းဝအုပ်စု၊ ကုလဘာကျေးရွာမှ အမျိုးသားတစ်ဦး၊ ရမ်းဗြဲမြို့မှ အမျိုးသမီးနှစ်ဦးနှင့် QQuarantine Cnter မှ ၄ ဦး၊ စုစုပေါင်း ကျား ၅ ဦး၊ မ ၃ ဦးတို့ဖြစ်ပြီး၊ ကိုဗစ်-၁၉ ရောဂါလက္ခဏာမပြပဲ သက်သာပျောက်ကင်းသူစုစုပေါင်း ၄ ဦးတို့အား သမားတော်နှင့် တာဝန်ကျသူနာပြုဆရာမတို့က မိမိနေအိမ်တွင် (Stay at Home) အဖြစ် ခုနစ်ရက် အသွားအလာကန့်သတ်ကာ သီးသန့်နေထိုင်ရမည်ဖြစ်ပြီး ကျန်းမာရေးဆိုင်ရာလမ်းညွှန် ချက်များကို တိကျစွာ လိုက်နာကြရန်မှာကြားပြီး ဆေးရုံဆင်းလက်မှတ်ပေးအပ်ခဲ့သည်။ ဆေးရုံဆင်းခွင့် ရရှိသူများအား ကျောက်ဖြူ မြို့ရှိ ပရဟိတအဖွဲ့များက နေအိမ်သို့ အသီးသီးပြန်လည်ပို့ဆောင်ပေးခဲ့ကြသည်။
ကျောက်ဖြူမြို့နယ်တွင် ဇူလိုင်လ ၃ ရက်နေ့မှ ဩဂုတ်လ ၁၅ ရက်နေ့၊ ညနေ ၅ နာရီအထိ ကိုဗစ်-၁၉ ရောဂါ စစ်ဆေးအတည်ပြုသူ ကျား ၂၆၇ ဦး၊ မ ၁၇၇ ဦး၊ စုစုပေါင်း ၄၄၄ ဦးအနက် ဆေးရုံဆင်းခွင့်ရရှိသူ စုစုပေါင်း ၃၁၃ ဦး၊ ဆေးရုံတွင် ဆေးကုသမူခံယူနေသူ စုစုပေါင်း ၉၁ ဦးနှင့် သေဆုံးသူ ကျား ၂၅ ဦး၊ မ ၁၅ ဦ၊ စုစုပေါင်း ၄၀ ဦးရှိကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
ဖြိုးဝေလင်း၊တင်ထွန်းဦး