သတင်းများ

ရန်ကုန်(ပန်းဆိုးတန်း)/ဒလ သင်္ဘောဆိပ်ကမ်း၌ ရေယာဉ်ခရီးစဉ်အချိန်နှင့် အခေါက်ရေများပြောင်းလဲ ပြေးဆွဲ
Aug 16,2021
ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေသော ကာလများနှင့် ရုံးပိတ်ရက်ရှည်ကာလများအတွင်း ရန်ကုန် (ပန်းဆိုးတန်း) / ဒလ ကူးတို့သင်္ဘောဆိပ်ကမ်း၌ ခရီးသည်များ ကူးသန်းသွားလာမှုပေါ်မူတည်၍ ခရီးသည်များ အဆင်ပြေစေရေးအတွက် ရေယာဉ်ခရီးစဉ် အချိန်နှင့် အခေါက်ရေများကို ပြောင်းလဲပြေးဆွဲပေးလျက်ရှိကြောင်း ပြည်တွင်းရေကြောင်းပို့ရေး (မြစ်ဝကျွန်းပေါ်ဌာနခွဲ)မှ သိရသည်။
ရွာသစ်မြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
Aug 16,2021
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ရွာသစ်မြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် ‌တုန့်ပြန်ရေး ကော်မတီ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁၀နာရီအချိန်က မြို့အုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ကျုံပျော်မြို့ ပြည်သူ့ရဲတပ်ဖွဲ့စခန်းတွင် အနှေးယာဉ်လုပ်သား (၂၀၀)ဦးကို ဆန်နှင့်ထောက်ပံ့ငွေများ လှူဒါန်း
Aug 16,2021
ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေစဉ်ကာလအတွင်း အခြေခံကာယလုပ်သားများ စားဝတ်နေရေး အဆင်ပြေစေရန် အတွက် ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့ ပြည်သူ့ရဲတပ်ဖွဲ့စခန်းတွင် အနှေးယာဉ်လုပ်သား (၂၀၀)ဦးကို ဆန်နှင့် ထောက်ပံ့ငွေများ လှူဒါန်းခြင်းကို ယနေ့ နံနက် ၁၀ နာရီက ပြုလုပ်ခဲ့ကြောင်း သိရသည်။
ကျောက်တံခါးမြို့နယ်တွင် ရေကြီးနစ်မြုပ်မှုကြောင့် မိုးစပါးသီးနှံပျက်စီးဆုံးရှုံးခဲ့မှု အပေါ်တောင်သူများအား ထောက်ပံ့ငွေ ပေးအပ်
Aug 16,2021
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ် တွင် ၂၀၁၉ခုနှစ်က ရေကြီးနစ်မြုပ်မှုကြောင့် မိုးစပါး သီးနှံပျက်စီးမှုများအပေါ် ထောက်ပံ့ငွေပေးရန် ကျန်ရှိသည့် တောင်သူများအား ထောက်ပံ့ငွေ ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့က မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးဦးစီးဌာနအစည်းအဝေးခန်းမတွင် ကျင်းပ ပြုလုပ်ခဲ့သည်။
အင်းတော်မြို့၌ ကိုဗစ်-၁၉ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေး
Aug 16,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့၌ ကိုဗစ်-၁၉ ကာကွယ်ဆေးများ ဆက်လက် ထိုးနှံပေးခြင်းကို ၂၀၂၁ ခုနှစ်၊ ဩဂုတ်လ ၁၆ ရက်နေ့မှစတင်၍ အင်းတော်မြို့ အောင်ဇေယျ ရပ်ကွက်ရှိ သံဃာ့ဆေးရုံ တွင် ထိုးနှံပေးလျက်ရှိသည်။
အုတ်ဖိုမြို့နယ် ငါးလုပ်ငန်းစခန်းမှ ဧရာဝတီမြစ်အတွင်း ငါးမျိုးစိုက်ထည့်
Aug 16,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ် ငါးလုပ်ငန်းစခန်းမှ ငါးသယံဇာတ ပေါကြွယ်ဝစေရေး၊ ဒေသတွင်းရေလုပ်သားများအလုပ်အကိုင်ဖွံဖြိုးစေရေးနှင့်ငါးရိက္ခာဖူလုံစေရေးအတွက် ရည်ရွယ်၍ ယမန်နေ့က ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် ဧရာဝတီမြစ်သဘာဝရေပြင်အတွင်း ငါးမျိုးစိုက်ထည့်ခြင်းကို ဆောင်ရွက်ခဲ့ရာ ငါးမျိုးစိုက်ထည့်ပွဲသို့ အုတ်ဖိုမြို့နယ် ငါးလုပ်ငန်းစခန်းတာဝန်ခံ ဒေါ်မိုးသီတာ၊ ပန်းတောင်းမြို့နယ်မှ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြသည်။
ကျောက်ဆည်မြို့၌ ရပ်ကွက်များအတွင်း ရေစီးရေလာကောင်းမွန်စေရေး ရေနုတ်မြောင်းများ တူးဖော်ပေး
Aug 16,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့ သန့်ရှင်းသာယာလှပစေရေးအတွက် မြို့နယ်စည်ပင် သာယာရေးအဖွဲ့မှ ဆောင်ရွက်ပေးလျှက်ရှိရာ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ရေစီးရေလာကောင်းမွန်မှုမရှိသည့် ဈေးတန်းရပ်ကွက်၌ ရေနုတ်မြောင်းတူးဖော်ခြင်းလုပ်ငန်းများကို ယနေ့နံနက် ၈နာရီခွဲက ဆောင်ရွက် ပေးလျက်ရှိကြောင်းသိရှိ ရသည်။
ဟားခါးမြို့၌ တစ်ရက်လျှင် အောက်ဆီဂျင်အိုးအလုံး ၂၀၀ ထုတ်လုပ်နိုင်မည့် အောက်ဆီဂျင် စက်ရုံ တည်ဆောက်နေမှုအား ချင်းပြည်နယ်ဝန်ကြီးချုပ် သွားရောက်ကြည့်ရှုစစ်ဆေး
Aug 16,2021
ချင်းပြည်နယ် ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင်၊ အနောက်မြောက်တိုင်းစစ် ဌာနချုပ်၊ ဒုတိယ တိုင်းမှူးဗိုလ်မှူးချုပ် မျိုးထွဋ်လှိုင်၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး ဟန်ဝင်းအောင်၊ လူမှုရေးဝန်ကြီး ဦးနေလင်းနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက ဟားခါးမြို့ ပြည်သူ့ဆေးရုံဝန်း အတွင်း၌ ပြည်နယ်အစိုးရ အဖွဲ့၏ ခွင့်ပြုရန်ပုံငွေဖြင့် တစ်ရက်လျှင် လီတာ ၄၀ ဆံ့ အောက်ဆီဂျင်အိုးအလုံး ၂၀၀ ထုတ်လုပ်နိုင်သည့် အောက်ဆီဂျင် စက်ရုံတည် ဆောက်နေမှု အခြေအနေအား သွားရောက်ကြည့်ရှု စစ်ဆေး ကြောင်းသိရသည်။