ဘုတလင်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေး

ဘုတလင် သြဂုတ်  ၁၆

စစ်ကိုင်းတိုင်းဒေသကြီး၊  ဘုတလင်မြို့နယ်တွင် သံဃာ‌‌တော်ဆရာတော်ကြီးများ၊ အသက်(၆၅)နှစ်နှင့်အထက် ဘိုးဘွားများနှင့် ပြည်သူများအား ကိုဗစ် -၁၉ ရောဂါကာကွယ်ဆေးများကို ယနေ့နံနက်()နာရီအချိန်ကစ၍ နေ့၁၁ နာရီအချိန်ထိ မြို့နယ်အတွင်းရှိ ပြည်သူ့ဝန်ဆောင်မှုရုံး(OSS)ရုံးတွင် ဆက်လက်ထိုးနှံပေးခဲ့ကြောင်း သိရ သည်။

ဘုတလင်မြို့နယ်အတွင်းရှိ သံဃာတော် ဆရာတော်ကြီးများ/သီလရှင်များ()ပါး၊ အသက်(၅၂)နှစ်နှင့်အထက် ဘိုးဘွား()ဦး၊ နိုင်ငံ့ဝန်ထမ်း()ဦး၊ ပရဟိတအသင်းများမှ(volunteer)()ဦး၊ပုဂ္ဂလိကစက်ရုံများမှ ဝန်ထမ်း(၅၂)ဦး၊ ပုဂ္ဂလိကပို့ဆောင်ရေးဝန်ထမ်း()ဦး၊ ဈေးသူ၊ဈေးသား ပြည်သူများ(၆၁)ဦး၊ စုစုပေါင်း (၁၈၂)ဦးတို့ကို မြို့နယ် ကုသရေးဦးစီးဌာန ကာကွယ်ဆေးထိုးအဖွဲ့များကကိုဗစ် -၁၉ ရောဂါကာကွယ်ဆေးများကိုထိုးနှံပေးခဲ့ကြပြီး သြဂုတ်လ  (၁၇) ရက်နေ့တွင်လည်း အဆိုပါနေရာတွင် ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်သည်။

ကိုဗစ် -၁၉ ရောဂါကာကွယ်ဆေးများစနစ်တကျ ထိုးနှံပေးနိုင်ရေးအတွက်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ နှင့်ဌာနဆိုင်ရာများကကြီးကြပ်ဆောင်ရွက်ပေးခဲ့ကြပြီး ဆေးရရှိမှူမှာ ဆေးအလုံးရေ(၅၀၀)ရရှိပြီး ဆေးသုံးစွဲမှူမှာ လူဦးရေ(၁၀၀၀) ထိုးနှံသုံးစွဲသွားမည်ဖြစ်ကြောင်း မြို့နယ်ကိုဗစ်ရောဂါကာကွယ်ထိန်းချုပ်ရေးကော်မတီထံမှ သိရသည်။

နှင်းယုအေး(ဘုတလင်)