ကော့ကရိတ် သြဂုတ် ၁၆
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာရုံးမှ ပန်းခင်း စီမံချက်အား အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးနိုင်ရေးကို ယနေ့ နံနက် ၁၀နာရီအချိန်က အမှတ် (၁) ရပ်ကွက် အထက ( ချောင်းတောင်) ကျောင်း ၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာရုံးမှ ဦးစီးအရာရှိ ဦးသန်းဝင်းအောင်က ကြီးကြပ်၍ ဝန်ထမ်းများက အမှတ် (၁)ရပ်ကွက်ရှိ အသက် ၁၈နှစ်အထက် ကိုင်ဆောင်လက်မှတ်မရှိသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးနိုင်ရေးကို စနစ်တကျ စိစစ်ပြုလုပ်ပေးခဲ့ရာ အသက် ၁၀နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ် စတင်ပြုလုပ်သူ ကျား (၅) ဦး၊ မ (၉ )၊ အသက် (၁၈ )နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ် စတင်ပြုလုပ်သူ ကျား (၈)ဦး၊ မ (၈)ဦး စုစုပေါင်း (၃၀) ဦးတို့အား ဆောင်ရွက်ပေးနိုင်ခဲ့ပြီး၊ အဆိုပါလုပ်ငန်းဆောင်ရွက်နေမှုကို မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက လာရောက်ကြည့်ရှုခဲ့ကြောင်း သိရသည်။
စောအောင်မျိုးလွင်