မော်လမြိုင် ဩဂုတ် ၁၆
မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ကိုကိုမောင်၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ယနေ့နံနက် ၉ နာရီက မော်လမြိုင်တက္ကသိုလ် (၁၀) မြို့နယ်ဆောင် Quarantine Centre ရှိ ဘားအံဆောင်တွင် ကိုဗစ်-၁၉ လူနာများအား ရောဂါအဆင့်သတ်မှတ်ရာ၌ မရှိမဖြစ်လိုအပ်သည့် ရွေ့လျား ကွန်ပျူ တာသုံး ဓါတ်မှန်စက် ပြင်ဆင်ဆောင်ရွက်ထားရှိမှုအား ကြည့်ရှုစစ်ဆေးပြီး ၄င်းဓါတ်မှန် စက် ဖြင့် ပိုးတွေ့လူနာများကို အချိန်တိုအတွင်း ရောဂါအဆင့် သတ်မှတ် နိုင်မည်ဖြစ်သည့် အတွက် ကိုဗစ်-၁၉ ကာကွယ်၊ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အထူးထိရောက်မှု ရှိစေမှာ ဖြစ် ကြောင်း၊ တာဝန်ရှိသူများအနေဖြင့်လည်း ကြပ်မတ်ဆောင်ရွက်ပေးကြရန်နှင့် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရန် မှာကြားသည်။
အဆိုပါ ရွေ့လျားကွန်ပျူတာသုံး ဓါတ်မှန်စက်သည် ကိုဗစ်-၁၉အတည်ပြု လူနာများကို ကွန်ပျူတာဓါတ်မှန်စက်ဖြင့် ရိုက်ကူး၍ လူနာ၏ အချက်အလက်များကို သက်ဆိုင်ရာ သမား တော်၊ ဆရာဝန်များထံသို့ အချိန်နှင့်တစ်ပြေးညီ ပေးပို့နိုင်မည်ဖြစ်၍ ရောဂါအဆင့် သတ်မှတ် မှုတွင် အလွယ်တကူ ဆောင်ရွက်နိုင်မည်ဖြစ်သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် Quarantine Centre များ အတွက် PPE ဝတ်စုံ ၅၀၊ Surgical Gown ၅၀၊ Flow Meter ၅ ခု အပါအဝင် Mask ၊ Oxygen Concentratorနှင့် Oxygen အိုးများကို တာဝန်ရှိသူများထံ ပေးအပ်လှူဒါန်းသည်။ထို့အတူ မော်လမြိုင်တက္ကသိုလ် (၁၀)မြို့နယ်ဆောင် Quarantine Centre တွင်လည်း ပြည်ပနိုင်ငံများမှ နေရပ်ပြန်ပြည်သူများကို ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရ သည်။
ခရိုင်(ပြန်/ဆက်)