ခင်ဦး ၊ ဩဂုတ် ၁၆
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်အတွင်း ရပ်ကွက်၊ ကျေးရွာများရှိ အသက် (၆၅) နှစ်နှင့် အထက်ပုဂ္ဂိုလ်များနှင့် ဦးစားပေးအဆင့်အလိုက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ယနေ့ နံနက် ၉ နာရီက စ၍ ပြည်သူ့ဆေးရုံ(မိခင်နှင့်ကလေး ကျန်းမာရေး ဌာန)နှင့် အထက တို့တွင် နှစ်နေရာခွဲပြီး ထိုးနှံပေးလျက်ရှိသည်။
ခင်ဦးမြို့နယ်အနေဖြင့် တတိယအကြိမ် ကာကွယ်ဆေး အလုံး (၅၀၀) ၊ လူဦးရေး (၁၀၀၀) အတွက် ရရှိရာ ဩဂုတ်လ ၁၄ ရက်နေ့ ၁၅ ရက်နေ့တွင် ထိုးနှံပေးခဲ့ရာ အသက်(၆၅) နှစ်အထက် (၃၉) ဦး၊ ကျန်းမာရေးဝန်ထမ်း (၁) ဦး၊ အရဟိတလူမှုရေးအသင်း (၃၁) ဦး၊ သံဃာတော်နှင့် ဘာသာရေး ပုဂ္ဂိုလ်များ (၉) ဦး၊ နိုင်ငံဝန်ထမ်း (၂၇) ဦး၊ ပုဂ္ဂလိ က စက်ရုံ၊ အလုပ်ရုံ ဝန်ထမ်း(၂၃၇) ဦး၊ ဟိုတယ်၊ မိုတယ်၊ တည်ခိုးခန်း (၁) ဦး၊ ပုဂ္ဂလိကပို့ဆောင်ရေး (၃) ဦး၊ ဈေးသည် (၂၉၈) ဦး၊ ပုဂ္ဂလိကဘဏ်ဝန်ထမ်း (၁၄) ဦး စုစုပေါင်း (၆၆၀) ဦး ထိုးနှံပေးခဲ့ပြီး ကျန်ရှိ နေသူများကို ဆက်လက် ထိုးနှံပေးလျက် ရှိကြောင်း မြို့နယ်ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီထံက သိရသည်။
စိုးဝေအောင်(ခင်ဦး)