လာအိုနိုင်ငံမှ နေရပ်ပြန် မြန်မာနိုင်ငံသား အလုပ်သမားများအား ရှမ်းပြည်နယ် တောင်ကြီးမြို့မှ သက်ဆိုင်ရာဒေသအသီးသီးသို့ စနစ်တကျဆက်လက်ပို့ဆောင်

တောင်ကြီး ဩဂုတ် ၁၆

ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်မြို့မှ ရှမ်းပြည်နယ်(တောင်ပိုင်း)တောင်ကြီးမြို့သို့ ရောက်ရှိ လာသည့် လာအိုနိုင်ငံမှ နေရပ်ပြန် မြန်မာနိုင်ငံသားအလုပ်သမား(၇၆)ဦးအား ယနေ့ နံနက်(၆)နာရီက တောင်ကြီးမြို့သစ်တောရပ်ကွက်ရှိ T.B.C ကားကြီးကွင်းမှတစ်ဆင့် သက်ဆိုင်ရာဒေသအသီးသီးသို့ စနစ်တကျ ဆက်လက်ပို့ဆောင်ပေးခဲ့သည်။

အဆိုပါ လာအိုနိုင်ငံမှ နေရပ်ပြန် မြန်မာနိုင်ငံသားအလုပ်သမား(၇၆)ဦးအနက် ရန်ကုန်တိုင်းဒေသကြီးမှ(၂)ဦး၊ မန္တလေးတိုင်းဒေသကြီးမှ (၂၈)ဦး၊ ပဲခူးတိုင်းဒေသကြီမှ(၃)ဦး၊ မကွေးတိုင်းဒေသကြီး(၃)ဦး၊ နေပြည်တော်မှ(၂၆)ဦး၊ ရခိုင်ပြည်နယ်မှ(၂)ဦး၊ ရှမ်းပြည်နယ်မှ (၁၂)ဦး စုစုပေါင်း(၇၆)ဦးဖြစ်ပြီး နေရပ်ပြန်အလုပ်သမားများကို တောင်ကြီးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ဆွေမြင့်၊ ပြည်နယ်ကြက်ခြေနီသူနာပြုတပ် ဖွဲ့ဝင်များ၊ တောင်ကြီးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးခွန်သက်နောင်၊ သစ်တောရပ်ကွက် စီမံအုပ်ချုပ်ရေးမှူး ဦးအောင်နိုင်တို့က နေရပ် ပြန်အလုပ်သမားများကို Hand Speaker ဖြင့်စည်းကမ်းချက်များ မိမိဒေသ သို့ရောက်ရှိပါက နေထိုင်ရမည့် စည်းကမ်းချက်များ၊ ရောက်ရှိသတင်းပို့ရန် စသည်အချက်များရှင်းလင်း ပြောကြားပြီး နေရပ်ပြန်အလုပ်သမားများ ကိုယ်အပူချိန်တိုင်းတာခြင်း၊ စားစရာများဝေငှခြင်းတို့ ဆောင်ရွက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှာ လမ်းစရိတ်နှင့် စားစရိတ်များထောက်ပံ့ပေးခဲ့ကြောင်း သိရှိရသည်။